Unicode
နောက်ကနေအပြေးလိုက်သွားပါတော်လဲ ဂျီမင်းလေးကို မမိလိုက်တော့။
ဂျောင်ကုလဲကားလေးမောင်းပြီး အိမ်ကိုပဲပြန်ခဲ့လိုက်သည်။အဲ့ထိညကစပြီး ကောင်လေးနှစ်ယောက်သည်မတွေ့ဖြစ်ကြတော့။
"သားဂျွန် ပြန်လာပြီလား ဒေါ်လေးကစိတ်ပူနေတာ ဘယ်တွေသွားနေလို့ဒီလောက်နောက်ကြနေရတာလဲ။
"သားဂျွန်စီက အရက်နံ့ရတယ် သားအရက်တွေသောက်လာပြန်ပြီလား သားဂျွန်။"ကျွန်တော်နည်းနည်းပဲသောက်လာတာပါ ဒေါ်လေးကေ။ Daddy ရောအိပ်နေပြီလား။
"အေး သူဌေးအိပ်နေပြီ သားဂျွန်"
"ဟုတ် အဲ့ဆို ကျွန်တော်နားတော့မယ် ဒေါ်လေးကေ"
"အေးအေး ဂျွန်လေး""ပြောပြီးဂျောင်ကုလဲ အပေါ်ထပ်ရှိသူအခန်းထဲ၀င်သွားလိုက်သည်။
"အခန်းထဲရောက်တာနဲ့ အိစက်နေတဲ့ခရမ်းရောင်မွေ့ယာပြင်ကြီးပေါ်ကိုလှဲချလိုက်ပြီး၊စောနကအဖြစ်ပျက်ကိုပြန်စဉ်းစားနေတဲ့ကောင်လေး။
"ငါ အစ်ကိုယ့်ကို ဘယ်လိုအပြုမူလိုက်မိတာလဲ။အစ်ကို ငါ့ကိုစိတ်ဆိုးသွားမလား၊ဒါမှမဟုတ် စိတ်နာသွားတာလား၊ငါကရောဘာလို့အဲ့လိုလုပ်လိုက်မိတာလဲ၊ငါ့စိတ်ကိုဘာလို့မထိန်းချုပ်နိုင်ရတာလဲ၊ထိန်းချုပ်ရင်းကြားကခုလိုဖြစ်ရတာ။
"ငါ ငါ အစ်ကိုယ့်ကိုတောင်းပန်ရမယ်၊အစ်ကိုကျေနပ်တဲ့အထိ ငါတောင်းပန်မယ်။ အစ်ကို ကျွန်တော့်ကို စိတ်မဆိုးပါနဲ့ ကျွန်တော် ကျွန်တော့်စိတ်ကိုဘယ်လိုမှထိန်းမရဘူးဖြစ်သွားလိုပါအစ်ကို။အစ်ကိုကရော ဘာလို့ချစ်စရာကောင်းတဲ့နှုတ်ခမ်းဖူးဖူးလေးနဲ့ကျွန်တော်ကို ဆွဲဆောင်နေလေးလဲ၊အစ်ကိုကအဲ့လိုဆွဲဆောင်တော့ကျွန်တော့်ရဲ့စိတ်တွေကိုဘယ်လိုလုပ်ထိန်းချုပ်လို့ရမလဲ အစ်ကိုရယ်။
"အဲ့နေ့ကအစ်ကိုယ့်ကိုကြည့်ရတာ တော်တော်လေးစိတ်ဆိုးသွားပုံပဲ။ဘာပဲဖြစ်ဖြစ် တောင်းပန်ရမယ်။ငါ့ဘက်ကစပြီးမှားတာဆိုတော့ တောင်းပန်းမှကိုဖြစ်မယ်။
ဂျောင်ကုတစ်ယောက် ဂျီမင်းလေးကို တောင်းပန်ဖို့ခုထဲက စာကားလုံးများစီနေလေရဲ့။ဂျောင်ကုသည် ဂျီမင်းလေးစိတ်ဆိုးသွားမှာကို ကောင်လေးမလိုလားပါ။
ဂျောင်ကုတစ်ယောက်ထဲတွေးရင်းပြောရင်းနဲ့ ထိုအဖြစ်ပျက်လေးကိုပြန်မြင်ရောင်ပြီးအပြုံးများနဲ့ အိပ်ဆက်သွားလေရဲ့။
YOU ARE READING
အတိတ်ရဲ့အဆက်
RomanceUnicode နိဒါန်း ဒီနေ့ဟာ သာယာလှပတဲ့နေ့တစ်နေ့လေးမှာ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးရှိတယ် ထိုမိသားစုနဲ့ အတူ တစ်ဖက်မှာလဲအပူမီးတွေနဲ့မိသားစုတစ်စုရှိတယ် ဒီမိသားစုလေးပျော်ရွှင်အေးချမ်းသလောက် ကျန်တဲ့မိသားစုကတော့အမြဲပူလောင်မှု စိတ်ညစ်မှုတွေနဲ့ ပြည့်နက်နေ...