Part 4 (Unicode)

65 3 1
                                    

ECအစည်းအဝေးပြီးသွားတော့ အတန်းပြန်တက်ဖို့ အဆောင်ဘက်လမ်းလျှောက်ပြီးပြန်လာလိုက်တယ်။ seniorတွေတစ်ဖွဖွမှာလိုက်တာကတော့ 'ကျွန်တော့ကိုking selectionထဲထည့်ထားသည်မို့ welcomeနေ့ကို မပျက်မကွက်လာစေချင်သည်'တဲ့

" ကို ဘုန်းမာန်ဝင့် "

ရုတ်တရက် နောက်ကခေါ်သံကြားတော့ ကျွန်တော်လှည့်ကြည့်မိတယ်

ခုနက ကန်တင်းမှာ ကျွန်တော့်ကိုလာခေါ်တဲ့ကောင်မလေးပဲ

သူ့ကိုကျွန်တော် အစည်းအဝေးခန်းထဲမှာလည်းတွေ့လိုက်တယ်ဆိုတော့ သူလည်းECပဲဖြစ်မယ်

"ကို ဘုန်းမာန်ဝင့် "

"ဘာကိစ္စလဲ"

"ဟိုလေ ... ကန်တင်းမှာတုန်းကလေ နင်နဲ့အတူထိုင်နေတဲ့အစ်ကိုကြီးက တတိယနှစ်ကကိုဇွဲစစ်ပိုင်မလားဟင်"

ဟင်!!! ကျွန်တော်အံသြသွားတယ်။ ဒီမိန်းကလေးက စစ်ပိုင်အကြောင်းကို ဘာလို့မေးရတာလဲ??? ဘာလို့လဲ ???

"အင်း ဘာလို့လဲ "

"အဲ့အစ်ကိုနဲ့ အရမ်းရင်းနှီးပုံပဲနော်"

"အင်း"

"ဟယ်!! အာ့ဆိုရင်လေ အဲ့အစ်ကိုရဲ့ph noလေးပေးလို့ရမလားဟင်"

မျှော်လင့်တကြီးမေးလာတဲ့ မိန်းကလေးရဲ့ပုံစံကို သေချာကြည့်မိတယ်။

အသားခပ်ဖြူဖြူ ၊ အရပ်က၅ပေ၂လောက်၊ မျက်လုံးဝိုင်းဝိုင်း ဆေးမဆိုးထားတဲ့ဆံပင်နှစ်ဖက်စည်းလေးနဲ့။ ဒီမိန်းကလေးက ကလေးလိုချစ်ဖို့ကောင်းတာတော့အမှန်ပဲ။

နောက်တစ်မျိုးပြောရရင်တော့ ဒါက စစ်ပိုင်သဘောကျတတ်တဲ့မိန်းကလေးပုံစံမျိုး

Ph noပေးသင့် မပေးသင့် ကျွန်တော်ဝေခွဲမရဖြစ်နေတုန်းမှာပဲ သူကထပ်မေးလာတယ်

"ရမလားဟင်"

"မရဘူးရှင့်" ခပ်ပြတ်ပြတ်ပြောလာတဲ့အသံစူးစူးနဲ့အတူ ကျွန်တော့်ရှေ့မှာဝင်ရပ်လိုက်တဲ့ သရဖီ

(Fujoshiတို့မည်သည် အစစ်မများရန်မှ ကာကွယ်ပေးရမည်)

"P'ဇွဲက သူ့ph noကို သူမသိပဲတခြားလူစီပေးတာမကြိုက်ဘူး"

The Place where Love exists 💙(Completed)Where stories live. Discover now