Part - 19 (Unicode)

66 2 0
                                    

ရေခြားမြေခြားတွင် လူမျိုးခြားများနှင့်တွေ့ဆုံဆက်ဆံနေရ၍အဆင်မပြေရခြင်းထက် ချစ်ရသူနှင့်ဝေးကွာနေရခြင်းကသာ ပူဆွေးဝမ်းနည်းနေရခြင်း၏ အဓိကအကြောင်းရင်းဖြစ်လိမ့်မည်။

နေ့ရက်တိုင်းကို ဇွဲစစ်ပိုင်ဟူသောလူသားအား တမ်းတခြင်းဖြင့်အစပြုပြီး လွမ်းဆွတ်နေရခြင်းများဖြင့် အဆုံးသတ်ဖြစ်လေသည်။

အားလပ်ချိန်တိုင်းတွင်လည်း ထိုလူအကြောင်းများသာတွေး၍

ထိုသို့တွေးမိတိုင်းလည်း နှလုံးသားထဲမှ စူးနင့်စွာနာကျင်ရလေသည်။

** လွမ်းတယ် . . . **

တိုးတိတ်စွာညည်းတွားမိတော့ ပိုတိုး၍နာကျင်ရပြန်သည်။

..................

အကောင်းဆုံးသောပါရဂူများနှင့် ခေတ်မှီဆေးပညာများဖြင့် အစာအိမ်ကင်ဆာဆိုသောရောဂါကို အမြစ်ပြတ်ကုသနိုင်ခဲ့ပါသည်။

" သား ... မနက်ဖြန်ဆိုဆေးရုံဆင်းရတော့မယ်နော်။  ဘာစားချင်လဲ။  မာမီ ဘာချက်ပေးထားရမလဲပြော "

" မာမီအဆင်ပြေတာပဲချက်ပါ "

" အာ့ဆိုလည်း အခု မုန့်လေးတစ်ခုခုစားမလား။  မနက်ကတည်းက အစားကောင်းကောင်းမစားထားဘူးမလား။  ဆေးတွေသွင်းထားရတာ ခံနိုင်ရည်ရှိအောင် အစားများများစားရမယ်လေ "

" မားရဲ့ sandwishစားချင်တယ် "

" ဟင် "

" မားလက်ရာ sandwishလေးစားချင်တယ် လို့ "

" အဲ့ဒါက အခုတော့မဖြစ်နိုင်ဘူးလေသားရယ်။  သားစားချင်တယ်ဆိုရင် မာမီကိုယ်တိုင်အိမ်ပြန်ပြီးသွားလုပ်ပေးမယ်နော်။  သားရဲ့မားလက်ရာလောက်တော့မကောင်းလောက်ပေမယ့် မာမီအကောင်းဆုံးလုပ်ပေးခဲ့မယ် "

ခေါင်းတစ်ချက်သာညိမ့်ပြမိသည်။

တကယ်ဆို ဘာဆိုဘာမှကို စားချင်စိတ်မရှိတာပါ။

°°°°°°°°°°°°°°°°°°°°°°°°

VVIP roomထဲမှ ဒေါ်မီမီခင်ထွက်လာခဲ့သည်။

အခန်းမှန်တံခါးကနေ အခန်းထဲကသားဖြစ်သူကိုပြန်ကြည့်ပြီးသက်ပြင်းချမိသည်။

The Place where Love exists 💙(Completed)Where stories live. Discover now