Selectionတွေရဲ့ talent showပြီးတော့ နားနေခန်းထဲသွားဖို့ ကျွန်တော်တို့အားလုံး တန်းစီပြီးစင်ပေါ်ကဆင်းခဲ့ကြတယ်။
အပေါက်ဝနားမှာဂစ်တာတစ်လက်နဲ့ရပ်နေတဲ့ စစ်ပိုင် ကိုတွေ့တော့ ကျွန်တော်အစွမ်းကုန် သွားဖြီးပြီး ပြုံးပြလိုက်တယ်။
ဒါပေမယ့် ...
စစ်ပိုင်က ကျွန်တော့်ကိုကြည့်မနေခဲ့ဘူး။
မျက်နှာချင်းဆိုင်က အနီးကပ်ဖြတ်လျှောက်သွားတာတောင် သူကျွန်တော့်ကိုမမြင်ဘူး။
ကြည့်ရတာ ... စိတ်နဲ့လူနဲ့မကပ်သလိုမျိုးကြီး။
" ဟုတ်ကဲ့ပါ
အခု kingလေး queenလေးတွေရဲ့အစွမ်းတွေလည်းပြပြီးပြီဆိုတော့ ...
အခုက စီစီအစ်ကိုကြီးတစ်ယောက်ရဲ့ ဖျော်ဖြေမှုပါ။
အဲ့စီစီအစ်ကိုကြီးကလည်းအချဉ်မဟုတ်ဘူးနော် ... Major Princeကြီး။
ဟုတ်ပါပြီ ... Third Year BBAက ကိုဇွဲစစ်ပိုင်ပါရှင့်။ လက်ခုပ်လေးတွေတီးပြီးအားပေးကြပါဦးနော် "
ဘာလား?
စစ်ပိုင်က ဖျော်ဖြေမှာတဲ့လား?
သူ ကျွန်တော့်ကို ဒီကိစ္စနဲ့ပတ်သတ်ပြီး လုံးဝကြိုမပြောခဲ့ဘူး။
ဒီပန်ဒါကောင် ဘာအချိုးတွေချိုးနေတာလဲ
" မာန် ... လာလေ ... ဒီအခန်းထဲလာထိုင်နေ။
နောက်တစ်ပိုင်းကျရင် အမေးအဖြေတွေလုပ်ရတော့မှာနော်။ ပြင်ဆင်ထားလိုက်ဦး။ "
" ရပါတယ် ... မထိုင်တော့ဘူး။
ကျွန်တော် စစ်ပိုင်ကိုအားပေးဦးမလို့။ ဒီကနေပဲ ခဏရပ်ကြည့်လိုက်ဦးမယ် "
" ဪ ... okပါ ... တစ်ခုခုလိုတာရှိရင် အစ်မတို့ကိုခေါ်လိုက်နော် "
" Ok "
ပွဲစီစဉ်တဲ့အစ်မတွေက Selectionတွေကို ဖူးဖူးမှုတ်ထားတာဗျ။ YUEcoကစီနီယာတွေအားလုံးနီးပါး တာဝန်ကျေပြီး သဘောကောင်းကြတယ်။
စင်ပေါ်မှာတော့ guiterတီးပြီးသီချင်းဆိုနေတဲ့ စစ်ပိုင်
¸¸♬·¯·♩¸¸
ESTÁS LEYENDO
The Place where Love exists 💙(Completed)