ဘုန်းမာန် ဝင့်
ဦးမာန်ချီ ဒေါ်မီမီခင်တို့၏
တစ်ဦးတည်းသောသား။
' မာန် ' လုပ်ငန်းစု၏
တစ်ဦးတည်းသော ဆက်ခံသူ။အုဝဲဆိုပြီး လူ့လောကထဲရောက်လာတဲ့အချိန်ကတည်းက ရွှေလင်ပန်းနဲ့အချင်းဆေးပြီးမွေးလာခဲ့တယ်။
ရွှေဆိုရွှေ ... ငွေဆိုငွေ
လိုတိုင်းတ, ရခဲ့တယ်။မရခဲ့တာတစ်ခုပဲရှိတယ်။
' မေတ္တာ '
Companyလုပ်ငန်းတွေနဲ့ပဲ အချိန်ကုန်နေတတ်တဲ့ အဖေနဲ့
အဖေ့ရဲ့အိမ်ရှင်မအဖြစ် အမြဲဘေးနားနေခဲ့ရတဲ့ အမေကြောင့် ကိုယ့်အားကိုယ်ကိုးတတ်ခဲ့တယ်။
ပျော်ရွှင်စရာကောင်းတဲ့ကလေးဘဝဆိုတာကို
အိမ်ထိန်းတွေနဲ့ပဲကုန်ဆုံးခဲ့ရတယ်။ကျောင်းမှာအဆင်ပြေရဲ့လား ဆိုတာထက်
ရီပို့ကဒ်မှာအဆင့်၁ရလား ဆိုတာကိုပဲ ပိုအာရုံစိုက်ခဲ့တဲ့ အဖေ၊
သူများနဲ့ယှဉ်ရင် အမြဲ ထိပ်ဆုံးမှာပဲရှိနေချင်တဲ့ အဖေ၊
အမှတ်လေးနည်းနည်းလျော့မိရင်တောင် အခန်းတံခါးပိတ်ပြီး ခါးပတ်နဲ့ရိုက်ခဲ့တဲ့ အဖေ၊
အဲဒီ့အဖေက
အမှတ်ပြည့်နဲ့ အဆင့်၁ရခဲ့တဲ့အချိန်တိုင်းမှာ ကျွန်တော့်ပုခုံးကိုဖက်ပြီး ' ဒါကျွန်တော့်သားလေ 'လို့ လူကြားထဲအမြဲဂုဏ်ယူစွာပြောနေတတ်ပေမယ့်
တခြားတစ်ယောက်က ကျွန်တော့ထက်သာသွားတဲ့အခါတိုင်းမှာတော့
' စောက်သုံးမကျတဲ့ကောင်၊ သုံးစားမရတဲ့ကောင် 'ဆိုတဲ့စကားတွေနဲ့ ထိုးနှက်တတ်ခဲ့တယ်။ဘုန်းမာန်ဝင့်ဟာ အဖေ့သားဆိုတာထက်
' မာန် 'လုပ်ငန်းစုရဲ့ဆက်ခံသူတစ်ယောက်လို့ပဲ သဘောထားခဲ့တယ်။
ကျွန်တော်ဟာ အဖေ့ကိုဂုဏ်တက်အောင်လုပ်ပေးနိုင်နေတဲ့အခါမျိုးတွေမှာ
အဖေ့သား ဖြစ်ခဲ့ရပေမယ့်
တစ်ခါတစ်လေ အမှားအယွင်းဖြစ်သွားတဲ့အခါမျိုးတွေမှာတော့
မွေးရကျိုးမနပ်တဲ့သား ဖြစ်ခဲ့ရတယ်။' ဂုဏ်သိက္ခာ 'ဆိုတဲ့အရာကသာ အဖေ့ရဲ့အချစ်တော်ဖြစ်ခဲ့တယ်။
' သား 'ဆိုတာကို တစ်ခါလေးတောင်မှခေါင်းထဲထည့်ပြီး မေတ္တာပေးဖို့စဉ်းစားခဲ့သူမဟုတ်။
DU LIEST GERADE
The Place where Love exists 💙(Completed)