Together with Love 💙2 (Unicode)

132 3 0
                                    

The Place where Love exists💙

( Extra )

Together with Love 2💙

💘Sweet Love💘

°°°°°°°°°°°°°°°°°°°°°°°°°

°°°°°°°°°°°°°°°°°°°°°°°°°

" ... အ .. အား ... အား ...

ဖြည်းဖြည်း ... "

" ခဏလေးပါ ပိုင်လေးရယ် "

" .. အ .. ခဏလေး..လည်း...နာတာပဲ..ကွ "

" အင်းပါ အင်းပါ ခဏလေးပဲဆက်ပြီးသည်းခံလိုက်နော် ... ပြီးတော့မှာ "

" လဒကောင်ကြီး

မင်းမခံရတိုင်းကိုယ်ချင်းမစာမပြောနဲ့။

မင်းလုပ်နေတာဘယ်လောက်နာလဲသိလား။

ငါ့အသားတွေပါလန်ကုန်ပြီ "

" ပြီးတော့မှာ ပြီးတော့မှာ။

ခဏလေး "

" အား ... သွေးတောင်ထွက်နေပြီ"

" ပြီးသွားပြီ။ ဆွဲထုတ်လိုက်ပြီ "

" ပြစမ်းပါ ငါ့ကိုဒီလောက်ဒုက္ခပေးနေတဲ့ဟာကိုကြည့်ချင်လွန်းလို့ "

" ဒီမှာလေ "

ဘုန်းမာန် လက်ဝါးပေါ်တင်ပြီး လှမ်းပြလာတဲ့ သစ်သားစမည်းမည်းလေး

" ဆူးက သိပ်မကြီးပါဘူး။

ဒါပေမယ့် ချွန်နေလို့ ပိုစူးနေတာနေမယ် ပိုင်လေးရဲ့ "

" အဲဒီ့ သိပ်မကြီးတဲ့သစ်သားစကပဲ ငါ့ကိုဘယ်လိုမှနေလို့မရအောင်လုပ်နေတာလေ "

" အခု ကိုကိုထုတ်ပေးပြီးပြီလေ။

ငိုမဲ့မဲ့ လုပ်မနေနဲ့တော့။

ခဏနေရင် အနာသက်သာသွားလိမ့်မယ်။

ဟုတ်ပြီလား "

" အေး မင်းထုတ်ပေးလိုက်မှ စူးရုံတင်မက အောင့်ပါအောင့်သွားတာ။

လက်သည်းညှပ်နဲ့ အသာလေးဆွဲထုတ်လိုက်ပါဆိုတာကို ငါ့လက်အသားတွေကိုပါလာညှပ်ရလား "

" ဆူးက အသားထဲအကုန်ဝင်သွားတာကိုး။

အပေါ်ယံ အရေပြားနည်းနည်းဖယ်လိုက်မှ အောက်ကဆူးကိုထုတ်လို့ရမှာပေါ့ "

The Place where Love exists 💙(Completed)Where stories live. Discover now