မွေးရပ်မြေ၏အဝေးတွင်ဖြစ်နေသော်လည်း
အောင်မြင်သောလုပ်ငန်းရှင်တစ်ယောက်ဖြစ်သည့် ဒယ်ဒီ့ဇာပနအခမ်းအနားမှာ စည်ကားလွန်းခဲ့သည်။
စီးပွားရေးနယ်ပယ်အသီးသီးကလုပ်ငန်းရှင်ပေါင်းများစွာ လာရောက်ကြသည်။
ဒယ်ဒီမည်မျှတော်ကြောင်း၊ အရည်အချင်းရှိကြောင်း၊ ဆုံးရှုံးလိုက်ရခြင်းအတွက်နှမြောမိကြောင်းစကားများကိုသာ အဖန်ဖန်အထပ်ထပ်ပြောခဲ့ကြသည်။ဒယ်ဒီမဆုံးခင်တည်းကပင် လုပ်ငန်းလွှဲအပ်ဖို့ကိစ္စများကို အစစအရာရာ အဆင်သင့်ပြင်ထားပြီးသားမို့ company၏shareပမာဏများစွာကို ကျွန်တော်ရရှိခဲ့သည်။
ဒယ်ဒီဟာ ကျွန်တော့အတွက် လွန်ခဲ့သော၃၊ ၄နှစ်ကတည်းက အရာအားလုံးကိုစီစဉ်ထားခဲ့ဟန်တူသည်။
ထိုအရာအားလုံးတွင် 'မဟူရာ'နှင့်လက်ထပ်ရန်ကိစ္စလည်းပါလေသည်။ဒယ်ဒီရှိစဉ်က ညိမ်ဝပ်နေခဲ့သောရှယ်ယာရှင်အချို့က ယခုအခါ ထကြွလာချင်ကြသည်။
လောလောဆယ် ကျွန်တော့မှာ ရှယ်ယာ ၅၀ရာခိုင်နှုန်းသာရှိသည်။ ထို ထကြွနေသောရှယ်ယာရှင်များကိုနှိပ်ကွပ်နိုင်ရန် ကျွန်တော့မှာ ဒီထက်များသောရှယ်ယာပိုင်ဆိုင်မှုလိုအပ်သည်။ ထိုရှယ်ယာများကို ဦးသစ်လွင်တို့ဆီကရနိုင်သည်မို့ ..." သားကို တခြားရှယ်ယာရှင်တွေ မထီမဲ့မြင်မလုပ်ရဲအောင် 'မဟူရာ'နဲ့လက်ထပ်ပြီး သူတို့ပိုင်တဲ့ရှယ်ယာ၁၀ရာခိုင်နှုန်းကို သိမ်းခိုင်းခဲ့တာလား ဒယ်ဒီ "
အမြှော်အမြင်ကြီးလွန်းတဲ့ဒယ်ဒီ့ကြောင့် လုပ်ငန်းလက်လွှဲယူမှုကိစ္စတိုင်းက အဆင်ပြေချောမွေ့ခဲ့ရသည်။
ကျွန်တော် AUSကိုရောက်တာ တစ်လတင်းတင်းပြည့်ခဲ့ပြီ ... ။
°°°°°°°°°°°°°°°°
" သား ... ဧည့်ခန်းထဲမှာ မဟူရာရောက်နေတယ်။ စကားသွားပြောလိုက်ပါဦး "
" ဟုတ်ကဲ့မာမီ "
အောက်ထပ်ကိုဆင်းလာခဲ့တော့ ဆိုဖာပေါ်တွင်ဒူးချိတ်ကာထိုင်နေသော 'သီရိ မဟူရာ သစ်လွင်'ကိုတွေ့ရသည်။
YOU ARE READING
The Place where Love exists 💙(Completed)