Part 3 (Unicode)

81 3 0
                                    

ကျွန်တော်တို့ကန်တင်းရောက်ပြီး သိပ်မကြာခင်မှာပဲ စစ်ပိုင်ရောက်လာသည်။

"ဟူး ... မောလိုက်တာကွာ။ တတိယထပ်ကနေအမြန်ဆင်းပြီး ဒီအထိပြေးလာရတာ"

"မင်းကိုဘယ်သူကပြေးလာခိုင်းလို့လဲ BBAဆောင်နဲ့ကန်တင်းကသိပ်လည်းမဝေးပဲနဲ့ကို။ မင်းဘာမင်းပြေးလာလို့ အမောဆို့ပြီးသေသွားလည်း ငါကမသနားဘူး။ ရော့ .. ရေသောက်"

(စိတ်ထဲမပါတာတွေမပြောပါနဲ့မာန်ရယ်)

"အင်း ... ပေး"

"ဒါနဲ့ မင်းကဘာလို့ပြေးလာတာလဲ။ ငါအကြာကြီးစောင့်နေရမှာစိုးလို့လား"

"ထွီ!! မင်းစောင့်နေတော့ရော ငါကဘာလုပ်ရမှာလဲ? ငါ့ထမင်းစားချိန်နာရီဝက်လေးကုန်သွားမှာစိုးလို့ အမြန်ပြေးလာတာ"

"အေး ပါ ကွာ ... "လို့ပြောပြီး ကျွန်တော်ဆိုင်အပြင်ကိုပဲ ငေးနေလိုက်မိတယ်

တစ်ဖက်မှာတော့ ဘုန်းမာန်ရဲ့မျက်နှာကိုကြည့်ပြီး ရေသောက်ရင်းပြုံးလိုက်တဲ့စစ်ပိုင်။

"မင်း ဘာမှာထားတာလဲ"

"ငါကဆန်စီး။ မင်းအတွက်ရှမ်းခေါက်ဆွဲ"

"ဟာ ... မင်းဆန်စီးမစားရဘူး "

"ဘာလို့လဲ?"

"မင်းနဲ့မတည့်ဘူးလေကွာ။ ခေါက်ဆွဲကတအားစေးတော့ မင်းစားပြီးရင် ဗိုက်အောင့်လိမ့်မယ်။ ကိုယ့်ကိုယ်ကို အစာအိမ်မကောင်းဘူးဆိုတာလည်း သတိရဦး။ သောက်စားပဲငမ်းမနေနဲ့ "

"ဒါပေမယ့် ငါကြိုက်တယ်လေ"

"မစားရဘူးဆို မစားရဘူးပဲ။ ငါ့ရှမ်းခေါက်ဆွဲနဲ့လဲစား"

"ရှမ်းခေါက်ဆွဲလည်း ခေါက်ဆွဲကစေးတာပဲ"

"ဟာကွာ ... လျှာမရှည်နဲ့။ ငါပြောသလိုလုပ်"

"အခု ငါ့ကို စိတ်ပူနေတာလား"

"အန်ကယ်လ်ကတော့Noပါသားရယ်။ မင်းဘာမင်းစားချင်ရာစားပြီး ရောဂါထရင် ငါကဆေးရုံလိုက်ပို့ပေးရမယ်။ အဲ့အခါကျ ငါ့အတန်းချိန်တွေပျက်မယ်။ ငါလည်းပင်ပန်းမယ်။ အ့လိုနောက်ဆက်တွဲပြဿနာတွေကိုလိုက်ရှင်းရမယ့် ငါ့ကိုငါစိတ်ပူလို့။ ဟူး ... မင်းလိုကောင်မျိုးကို ရှင်းပြရတာမောတယ်"

The Place where Love exists 💙(Completed)Onde histórias criam vida. Descubra agora