The Place where Love exists💙
( Extra 1 )
Together with Love💙
အချစ်နှင့်အတူ ...( ၁ )
💞 မင်္ဂလာဦးည💞
°°°°°°°°°°°°°°°°°°°°°°°°°°°°°
စစ်ပိုင် ကုတင်ပေါ်မှာထိုင်ရင်း ခြေရင်းကနံရံမှာချိတ်ထားသောဓာတ်ပုံကိုကြည့်နေသည်။
ပထမ ရိုးရိုးကြည့်သည်။
ဒုတိယ စိုက်ကြည့်သည်။
တတိယ မျက်မှောင်ကြုတ်သည်။
ထို့နောက် ၇အိမ်ကြား၈အိမ်ကြားအသံဖြင့် ထအော်သည်။
"" ဘုန်းမာန်ဝင့်!!! ""
" ဟင် ... ဘာ...ဘာဖြစ်လို့လဲပိုင် "
စစ်ပိုင်တစ်ယောက်အလန့်တကြားထအော်တော့ အူယားဖားယားပြေးလာတဲ့ ဘုန်းမာန်။
" မင်းကြည့်စမ်း ... ကြည့်စမ်းဘာ ... ကြည့်ကြည့်စမ်းဘာ ... အဲ့လိုဖြစ်သင့်လားပြော!! "
" ဘာ..ဘာကိုလဲဟင်... ဘာကိုကြည့်ရမှာလဲ? "
" နံရံပေါ်မှာချိတ်ထားတဲ့ဓာတ်ပုံလေ ... ငါဒီလောက်လက်ညှိုးထိုးပြနေတာတောင် မင်းမမြင်ဘူးလားဟမ်!! "
" အင်း...အင်းပါ...တွေ့ပြီလေ ... ကိုယ်တို့မင်္ဂလာဓာတ်ပုံလေပိုင်ရဲ့ ... အဲဒါ ဘာဖြစ်လို့လဲ "
" အေး ... မင်္ဂလာဓာတ်ပုံကအဲ့လိုဖြစ်နေသင့်လားပြော!! "
" ဖြည်းဖြည်းပြောပါပိုင်ရယ် ... စိတ်လျှော့လေ ... မင်္ဂလာဓာတ်ပုံကဘာဖြစ်နေလို့လဲ "
" ဟာ!! မင်းသေချာကြည့်လေ။ မင်းမျက်လုံးကိုပြူးပြဲပြီးကြည့် "
ကျွန်တော်လည်း သူပြောသလို သေချာပြူးပြဲပြီးကြည့်မိသည်။
ဘာမှထူးခြားတာမတွေ့။
သူဘာတွေဒေါသထွက်နေတာပါလိမ့် ...
" ဘာမှမဖြစ်ဘူးလေပိုင်ရဲ့ ... ဪ သိပြီ။ ဓာတ်ပုံချိတ်ထားတာနည်းနည်းစောင်းနေလို့မလား ... ကိုယ်သွားတည့်လိုက်ပါ့မယ်ပိုင်ရယ် ... ဒါကိုအဲ့လောက်ကြီးအော်ပြောနေစရာမလိုပါဘူး ... ကိုယ်အခုပဲသွားလုပ်လိုက်မ "
"" ဘုန်းမာန်ဝင့် !! ""
စကားတောင်မဆုံးသေးခင် အသံကုန်ဟစ်၍အော်ပြန်သည်။
ESTÁS LEYENDO
The Place where Love exists 💙(Completed)