စစ်ပိုင်'pov - 2
4, November, 2016
ဒီနေ့ကျွန်တော့်ရဲ့၁၉နှစ်ပြည့်မွေးနေ့
ဒီနေ့လေးတစ်ရက် နားပါရစေဆိုတာကို ဟိုဂျပိုးကောင်ကနားခွင့်မပေး။
Chemistryတွေ အစအဆုံးrevisionပြန်တွက်မှာမို့လို့ တစ်နေကုန်လာသင်ပေးရမယ်တဲ့" သောက်ကျင့်ကိုမကောင်းဘူး "
ခြံတံခါးရှေ့မှာရပ်ပြီး ပုဆိုးပြန်ပြင်ဝတ်လိုက်တယ်။
ကျွန်တော်က ဘုန်းမာန်ထက်၂လငယ်တယ်ဆိုပေမယ့် ဆရာဆိုတာ တပည့်ရှေ့မှာသပ်သပ်ရပ်ရပ်ဖြစ်နေသင့်တယ်လေ။ကိုယ့်ကိုကိုယ်အဆင်သင့်ဖြစ်ပြီဆိုမှ bellကိုနှိပ်လိုက်တယ်
" တင်း . . . တောင် "
တံခါးလာဖွင့်ပေးတာကိုစောင့်ရင်း ဘုန်းမာန်နဲ့စတွေ့ခဲ့တဲ့အကြောင်းတွေးမိသေး ...။ အဲ့နေ့ကဆို သူ့ကိုမြင်မြင်ချင်း ကိုယ့်ထက်ငယ်တယ်ပဲထင်မိခဲ့တာ
အလို ... ငါပြုံးနေမိတာလား??
ဒီကောင့်အကြောင်းတွေးရုံနဲ့ ငါပြုံးနေမိတာလား ???ခြံတံခါးပွင့်သွားပြီဆိုပေမယ့် အထဲကကားတစ်စီးထွက်လာတာမို့ ကျွန်တော်အရင်ရှောင်နေပေးလိုက်တယ်။
ဒါပေမယ့် အဲ့ကားက ရှေ့ဆက်မသွားပဲ ကျွန်တော့်နားမှာရပ်သွားတယ်။" ဘာလား?? "
ဘာကြောင့်ရပ်သွားလဲဆိုတာစဉ်းစားလို့မရသေးခင် ကားမှန်တံခါးပွင့်သွားပြီး ပေါ်လာတာက ဘုန်းမာန်ရဲ့မျက်နှာ ...
** ဟင်!! သူပဲပြောတော့ ဒီနေ့တနေကုန်chemistryတွေလုပ်မှာဆို!!!
အာ့ကြောင့် ကျွန်တော့်မှာ sweet bdလေးကိုတောင် သူငယ်ချင်းတွေနဲ့မsweetနိုင်ပဲ သူ့ဆီစာလာသင်ရတာလေ!!!
အာ့ကို အခုသူက ကားတစ်စီးနဲ့ထွက်လာတယ်ဆိုတော့ ... ဘာသဘောလား ??? **" တက် "
ဟင်? ကျွန်တော့်ကိုပါကားပေါ်တက်ခိုင်းနေတာလား?? ဘာလုပ်ဖို့လဲ ??
" မင်းကိုယ့်ဘာကိုယ်တက်မှာလား? ငါအတင်းဆွဲတင်ရမှာလား? "
YOU ARE READING
The Place where Love exists 💙(Completed)