Ep - 8

3.3K 375 0
                                    

စစ်​ပိုင်​'pov - 4

" အဲ့ပုစ္ဆာ​တွေအကုန်​မပြီးမချင်း မင်းမအိပ်​ရဘူး "

" အာ ... ဟို​လေ ... စစ်​ပိုင်​ရယ်​ ဒီ​နေ့တစ်​​နေကုန်​ bio​ရော chem​ရော ၂ဘာသာ​တောင်​ အစအဆုံးrevisionပြန်​ပြီးပြီ​လေကွာ။ အခုလည်း ည၁၀နာရီခွဲ​နေပြီကို ဒီပုစ္ဆာ​တွေအကုန်​လုံးတွက်​ရဦးမယ်​ဆို​တော့ ... "

" ဘာလဲ ... မင်းကမလုပ်​ချင်​တာလား "

" မဟုတ်​ဘူး​လေကွာ... တစ်​​နေကုန်​ဒီစာကြည့်ခုံ​မှာချည်းထိုင်​​နေရတာ ခါး​တွေ​တောင်​ချိ​နေပြီ။ ဒီသင်္ချာပုစ္ဆာ​တွေကို တကယ်​ထပ်​တွက်​ရဦးမှာလား...😒 "

" ဒါဆို ငါက စ​နေတယ်​ထင်​လို့လား😏 "

" ဒါ​ပေမယ့်​ ... ငါနားချင်​​​နေပြီ😢 "

" မရဘူး ... အခုတွက်​ !! "

ဟွန့်
တ​နေကုန်​ သူပင်​ပန်း​နေပြီဆိုတာသိတာ​ပေါ့။
ဒါ​ပေမယ့်​ တမင်​ကိုမနားခိုင်း​သေးတာ...
ဘယ့်​နှယ်​ သူကကျွန်​​တော့်​အိမ်​​ရောက်​​နေ​တော့ ကျွန်​​တော့်​မှာတစ်​​နေကုန်​သူ့နားချည်းထိုင်​ပြီး စာသင်​​နေရတာ။ ကွကို​တောင်​ ၁၀တန်းတုန်းက အဲ့​လောက်​စာမလုပ်​ခဲ့ဖူးဘူး။
အခု ဒင်းကိုစာပြရမှပဲ ကိုယ်​ပါဆယ်​တန်းပြန်​ဖြစ်​​နေရတယ်​။
နေ့လည်​​နေ့ခင်း တ​ရေးအိပ်​ချင်​လည်း မအိပ်​ရ ...
ပိတ်​ရက်​​လေး သူငယ်​ချင်း​​တွေနဲ့​လျှောက်​သွားချင်​လည်း မသွားရ ...
ဒါ​တွေအကုန်​ ဒင်း​ကြောင့်​ဖြစ်​ရတာ။
အာ့​ကြောင့်​ သူ့ကိုလည်း တမင်​ညှဉ်းပြီး သင်္ချာဆက်​တွက်​ခိုင်းထားတာ😈

ကျွန်​​တော်​ ဖုန်းတစ်​လုံးနဲ့ facebookသုံးလိုက်​၊ သူငယ်​ချင်း​​တွေနဲ့chatလိုက်​လုပ်​​နေတာ ဘယ်​​လောက်​​တောင်​ကြာသွားလဲမသိ...
စာလုပ်​ခိုင်းထား​တဲ့ဘုန်းမာန်​ကိုသတိရလို့ စာကြည့်​စားပွဲဆီလှည့်​ကြည့်​မိ​တော့ ...

အံမယ်​ မယ်​... သင်္ချာတွက်​ခိုင်းထားတာကိုပြီး​အောင်​မတွက်​ပဲ စာအုပ်​​ပေါ်​ခေါင်း​မှောက်​အိပ်​​နေတဲ့ ဂျပိုး​ကောင်

*​ဒီ​ကောင်​​တော့ ငါ့လက်​နဲ့​တွေ့ပြီ*

ကုတင်​​ပေါ်ဖုန်းထိုင်​သုံး​နေရင်းက​နေ စာကြည့်​စားပွဲဆီ​လျှောက်​သွားလိုက်​တယ်​။
အိပ်​​နေတဲ့ဘုန်းမာန်​ကို နားသယ်​​မွှေး​ဆောင့်ဆွဲ​ဖို့ စဉ်းစား​ပြီး သူ့မျက်နှာဆီ လက်​လှမ်းလိုက်​တုန်းမှာပဲ...

The Place where Love exists 💙(Completed)Donde viven las historias. Descúbrelo ahora