Part 7 (Unicode)

55 3 2
                                    

စစ်ပိုင်'pov - 3

2016, December

မာန့်ဒယ်ဒီနေမကောင်းလို့တဲ့ မာန့်မာမီကAUSကိုခဏလိုက်သွားရတယ်။

Final examက၃လလောက်ပဲလိုတော့တဲ့အချိန်မှာ သူ့သားဘုန်းမာန်ကို တစ်ယောက်တည်းထားခဲ့ဖို့ကလည်း စိတ်မချပြန်တော့ ...

ဒီလိုနဲ့ ဘုန်းမာန်က သူ့မာမီပြန်မလာခင်အထိ ကျွန်တော့်အိမ်လိုက်နေဖို့ဖြစ်လာခဲ့သည်ပေါ့

( ဒန် တန့် တန် )

..........................

" ဟော ... သားမာန်ရောက်လာပြီလား "

" ဟုတ် မား "

" သားမာမီရော ... သွားပြီပေါ့ "

" ဟုတ် မား ... သားမနက်ကအစောကြီးလေဆိပ်လိုက်ပို့လိုက်တယ်။ လေယာဉ်ထွက်သွားပြီးမှ သားဒီအိမ်လာခဲ့တာ "

" သားမာန်တို့များလိမ္မာလိုက်တာ ... အိမ်ကကိုပိုင်တို့ကတော့လေ စနေနေ့ကျောင်းပိတ်ရက်မို့တဲ့ ... နေဖင်ထိုးအောင်အိပ်နေလေရဲ့။ ခုထိမထသေးဘူး "

" ဟလား ... ဒါဆို သားသွားနှိုးလိုက်မယ်နော် မား "

" အေးအေး သား "

အောက်ထပ်မှာမားနဲ့ဟိုကောင်စကားပြောနေသံကြားရတယ်။ ဘုန်းမာန်အပေါ်ထပ်ကိုတက်လာတဲ့ခြေသံတွေကြားနေရပေမယ့် ကျွန်တော်အိပ်ရာကမထချင်သေး

ကျောင်းပိတ်ရက်လေး ဇိမ်ယူပြီးအိပ်မလို့ပါဆိုမှ ဒင်းကလာနှိုးဦးမယ်တဲ့

မသိဘူး ဆက်အိပ်မယ်

ကျွန်တော်ကုတင်ပေါ်မှာလှိမ့်ပိန့်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။ မကြာပါဘူး ဟိုကိုယ်တော်က ကျွန်တော့်အခန်းထဲဝင်လာလေရဲ့

အချိန်တော်တော်ကြာတဲ့အထိဘာသံမှမကြားရတော့ ဘုန်းမာန်အောက်ပြန်ဆင်းသွားပြီထင်လိုက်တယ်။ အဲဒါနဲ့ ကျွန်တော်လည်း မျက်လုံးခပ်ဟဟဖွင့်ပြီး ခိုးကြည့်မိတော့ ...

Omg သူကျွန်တော့်ကိုထိုင်ကြည့်နေတာလား ???

ဘာလားကွာ ... လူက အိပ်ချင်ယောင်ဆောင်နေရင်းတောင် ချွေးစေးတွေပြန်လာတယ်။

The Place where Love exists 💙(Completed)Where stories live. Discover now