စစ်ပိုင်'pov - 7
** တစ်ချိန်ကျရင်ခွဲရမယ်ဆိုတာ သိသိကြီးနဲ့
ထာဝရအတူရှိနေခွင့်ကို တောင်းဆိုခဲ့မိလို့
ခွင့်လွှတ်ပါ ဘုန်းမာန်ရယ်... **
မာန်နဲ့အတူ မန္တလေးမှာ တစ်လလောက်နေဖြစ်တယ်
အဲ့တစ်လအတွင်းမှာ မာန့်ဘက်က သိသိသာသာရော မသိမသာပါ သူ့ခံစားချက်တွေကို ထုတ်ပြခဲ့တယ်
အရာအားလုံးကိုသိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေရတာက လက်တွေ့မှာထင်သလောက်မလွယ်ကူခဲ့ဘူး
ကျွန်တော် အရမ်းစိတ်ပင်ပန်းရတယ်
သူ့အချစ်တွေကို ကျွန်တော်သိအောင် အမျိုးမျိုးဖော်ပြနေမှန်းသိနေပါလျက်နဲ့
ကျွန်တော့်မှာ ဘာကြောင့်လက်ခံခွင့်မရှိရတာလဲ?
ကျွန်တော်ကရော ...
ကျွန်တော့်အချစ်တွေကို ဘာကြောင့်ဖော်ပြခွင့်မရှိရတာလဲ?
ဘာကြောင့်လဲ? ဘာလို့လဲ?
အသက်၁၀နှစ်အရွယ်မှာ ပါးကိုဆုံးရှုံးခဲ့ရတယ်
ပါးက ကျွန်တော့်ဘဝမှာ ပထမဆုံးချစ်ခဲ့ရတဲ့ယောကျ်ားပဲ
အခု ဘုန်းမာန်က ဒုတိယမြောက် ချစ်ခဲ့ရတဲ့ယောကျ်ား၊
သူ့ကိုပါ ကျွန်တော်ထပ်ပြီးဆုံးရှုံးရဦးမှာတဲ့လား?
ကံတရားရယ် ... ခင်များက ကျွန်တော့်အပေါ် ရက်စက်လွန်းမနေဘူးလားဗျာ
.............................................
ဆယ်တန်းအောင်စာရင်းတွေထွက်တော့
မာန်က ဂုဏ်ထူး၄ဘာသာတည်းပါတယ်ဆိုပေမယ့်
အမှတ်ပေါင်း၅၀၀စွန်းစွန်းထိရခဲ့တယ်။
ထူးချွန်လွန်းတဲ့ချစ်ရသူအတွက် ဂုဏ်ယူမိပါရဲ့
.................................
ကျွန်တော် စက္ကူကြယ်ပေါင်း ၅၀၈လုံးတိတိခေါက်ခဲ့တယ်...
မာန့်အမှတ်က ၅၀၈မှတ်မို့လို့။
ကြယ်ကလေးတွေကို ဖန်ဘူးထဲသေချာထည့်ပြီး ကျွန်တော် မာန့်ကိုပေးဖို့စီစဉ်ထားတယ်
![](https://img.wattpad.com/cover/129110802-288-k58111.jpg)
VOCÊ ESTÁ LENDO
The Place where Love exists 💙(Completed)