Part - 20 (Final 1) Unicode

117 3 0
                                    

မွေးရပ်မြေ၏အဝေးတွင်ဖြစ်နေသော်လည်း

အောင်မြင်သောလုပ်ငန်းရှင်တစ်ယောက်ဖြစ်သည့် ဒယ်ဒီ့ဇာပနအခမ်းအနားမှာ စည်ကားလွန်းခဲ့သည်။

စီးပွားရေးနယ်ပယ်အသီးသီးကလုပ်ငန်းရှင်ပေါင်းများစွာ လာရောက်ကြသည်။

ဒယ်ဒီမည်မျှတော်ကြောင်း၊  အရည်အချင်းရှိကြောင်း၊  ဆုံးရှုံးလိုက်ရခြင်းအတွက်နှမြောမိကြောင်းစကားများကိုသာ အဖန်ဖန်အထပ်ထပ်ပြောခဲ့ကြသည်။

ဒယ်ဒီမဆုံးခင်တည်းကပင် လုပ်ငန်းလွှဲအပ်ဖို့ကိစ္စများကို အစစအရာရာ အဆင်သင့်ပြင်ထားပြီးသားမို့  company၏shareပမာဏများစွာကို ကျွန်တော်ရရှိခဲ့သည်။

ဒယ်ဒီဟာ ကျွန်တော့အတွက် လွန်ခဲ့သော၃၊ ၄နှစ်ကတည်းက အရာအားလုံးကိုစီစဉ်ထားခဲ့ဟန်တူသည်။

ထိုအရာအားလုံးတွင် 'မဟူရာ'နှင့်လက်ထပ်ရန်ကိစ္စလည်းပါလေသည်။

ဒယ်ဒီရှိစဉ်က ညိမ်ဝပ်နေခဲ့သောရှယ်ယာရှင်အချို့က ယခုအခါ ထကြွလာချင်ကြသည်။

လောလောဆယ် ကျွန်တော့မှာ ရှယ်ယာ ၅၀ရာခိုင်နှုန်းသာရှိသည်။  ထို ထကြွနေသောရှယ်ယာရှင်များကိုနှိပ်ကွပ်နိုင်ရန် ကျွန်တော့မှာ ဒီထက်များသောရှယ်ယာပိုင်ဆိုင်မှုလိုအပ်သည်။  ထိုရှယ်ယာများကို ဦးသစ်လွင်တို့ဆီကရနိုင်သည်မို့ ...

" သားကို တခြားရှယ်ယာရှင်တွေ မထီမဲ့မြင်မလုပ်ရဲအောင် 'မဟူရာ'နဲ့လက်ထပ်ပြီး သူတို့ပိုင်တဲ့ရှယ်ယာ၁၀ရာခိုင်နှုန်းကို သိမ်းခိုင်းခဲ့တာလား ဒယ်ဒီ "

အမြှော်အမြင်ကြီးလွန်းတဲ့ဒယ်ဒီ့ကြောင့်  လုပ်ငန်းလက်လွှဲယူမှုကိစ္စတိုင်းက အဆင်ပြေချောမွေ့ခဲ့ရသည်။

ကျွန်တော် AUSကိုရောက်တာ တစ်လတင်းတင်းပြည့်ခဲ့ပြီ ... ။

°°°°°°°°°°°°°°°°

" သား ... ဧည့်ခန်းထဲမှာ မဟူရာရောက်နေတယ်။  စကားသွားပြောလိုက်ပါဦး "

" ဟုတ်ကဲ့မာမီ "

အောက်ထပ်ကိုဆင်းလာခဲ့တော့ ဆိုဖာပေါ်တွင်ဒူးချိတ်ကာထိုင်နေသော 'သီရိ မဟူရာ သစ်လွင်'ကိုတွေ့ရသည်။

The Place where Love exists 💙(Completed)Donde viven las historias. Descúbrelo ahora