" ပျော်စရာတွေအပြည့်နဲ့နောက်ဘဝမှာ ငါတို့တွေပြန်ဆုံကြမယ်နော် ... ဘုန်းမာန် "
ထို့နောက် ... ဓားသွားက လက်ကောက်ဝတ်ပေါ်သို့ ...
" သား !!! "
" ဟင်! "
ရုတ်တရက် ပွင့်သွားတဲ့အခန်းတံခါးကတစ်ဆင့်
မှောင်နေတဲ့အခန်းငယ်လေးထဲ အလင်းရောင်ဝင်ရောက်လာခဲ့တယ်။
ထိုအလင်းရောင်ရဲ့အလယ်မှာ ရပ်နေသူက...
" မား "
ဟုတ်တယ်။
မားရှိနေသေးတာပဲ။
ကျွန်တော် မားကိုစောင့်ရှောက်ရဦးမယ်။
ကျွန်တော်သာ ဒီလိုပုံစံနဲ့ လောကကြီးကနေထွက်သွားလိုက်မိရင် မားတစ်ယောက်တည်းကျန်နေခဲ့တော့မှာ။
ဟင့်အင်း ... ကျွန်တော် အဲ့လိုလည်းအဖြစ်မခံနိုင်ဘူး။
ပါးဆုံးသွားပြီးကတည်းက မားတစ်ယောက်တည်းရုန်းကန်ရှာဖွေပြီး ကျွန်တော့်ကိုစောင့်ရှောက်ခဲ့တာ။
အဲ့ကျေးဇူးတွေကို ကျွန်တော်ပြန်ဆပ်ရဦးမယ်။
" သား !!!
သားရယ် ... ဘာတွေလုပ်ဖို့စဉ်းစားနေတာလဲ ... မကြံကောင်းမစည်ရာတွေကို မလုပ်ပါနဲ့ သားရဲ့ ... သားမရှိရင် မားတစ်ယောက်တည်းဘယ်လိုနေခဲ့ရမလဲ ... မားရင်ကွဲပြီးသေတာ မြင်ချင်လို့လား ... ဟမ် !!! "
" မား ... ╥╥
မားရယ် ... သားတောင်းပန်ပါတယ် ... သားလေ ... မွန်းကြပ်လွန်းလို့ ... အရမ်းကို မခံစားနိုင်လွန်းလို့ ... ရုန်းထွက်ဖို့ ... ကြိုးစားမိတာပါ ... သားလေ ... အရမ်းကို ခြေကုန်လက်ပန်းကျနေပြီ ... သား ... အရာအားလုံးကို ... အရှုံးပေးလိုက်ချင်ပြီ ... သားရင်ထဲမှာဘယ်လောက်ထိခံစားနေရတယ်ဆိုတာ ... မားမသိဘူး ... သားလေ ... ရင်ထဲမှာ အရမ်း ... "
" သားရယ် ... မားမွေးထားတဲ့သားက ဒီလောက်ထိပျော့ညံ့ရသလား။ ပြီးတော့ မားက သားကိုမွေးထားတဲ့အမေပါသားရဲ့။ အမေတစ်ခုသားတစ်ခု နေလာရတဲ့ဘဝမှာ ငါ့သားလေးရင်ထဲဘာတွေဖြစ်နေတယ်ဆိုတာ မားသိတာပေါ့။ ဒီမှာသား ... အရာအားလုံးကို အချိန်ကဖြေရှင်းပေးသွားလိမ့်မယ်။ သားမာန်ကလည်း တစ်နေ့မှာ သားဆီအရောက်ပြန်လာမယ်ဆိုတာ မားသိတယ် "
YOU ARE READING
The Place where Love exists 💙(Completed)