စစ်ပိုင်'pov - 5
ဆယ်တန်းfinal examရက်က တဖြည်းဖြည်းနီးလာပြီ ။ အဲ့အချိန်ကျမှ စာနဲ့ပတ်သတ်ရင် ခေါင်းမာလွန်းတဲ့ ဘုန်းမာန်ရဲ့အကျင့်ကို သိခဲ့ရတာ။
ဒီဂျပိုးကောင်က စာမပြီးမချင်း ထိုင်ရာကမထဘူး။ သူများတွေလို မုန့်စားရင်းစာလုပ်ဖို့နေနေသာသာ ရေတောင်ထသောက်တဲ့ကောင်မဟုတ်ဘူး။
ကျွန်တော်ဆယ်တန်းတုန်းကများ စာလေးနည်းနည်းကျက်လိုက် ... မားလုပ်ပေးတဲ့မုန့်တွေထိုင်စားလိုက်နဲ့ သာသာယာယာပဲ။
သူ့ကျမှ အစားပျက် အသောက်ပျက်။
အံ့သြဘ ကိုဘုန်းမာန်
ထုံးစံအတိုင်း ညနေ၄နာရီမှာ မာန့်အိမ်ကိုစာသင်ဖို့သွားခဲ့တယ်။
အိမ်ထဲရောက်ရောက်ချင်း မာန့်မာမီက အမောတကောနဲ့
" သားပိုင်ရယ်...မျှော်လိုက်ရတာ။ ခုမှရောက်လာတယ်။ အန်တီ့ကို ကူညီပါဦး "
" ဘ.. ဘာဖြစ်လို့လဲ အန်တီ "
" မာန်လေ ... မနက်ကတည်းက သူ့အခန်းထဲမှာစာထိုင်လုပ်နေတာ ထမင်းစားချိန်လည်း အောက်ထပ်ကိုဆင်းမလာဘူး။ အန်တီလည်းသွားခေါ်ချင်ပေမယ့် မာန်ကသူစာလုပ်နေတဲ့အချိန်အခန်းထဲဝင်မလာပါနဲ့လို့မှာထားတာ။ မာန်က သူ့ဒယ်ဒီနဲ့တူလို့ စိတ်ကြီးတယ် ... ဘယ်လိုမှပြောမရဘူး "
" အခုရော အန်တီ "
" အခုထိကို အခန်းထဲကထွက်မလာသေးတာသားရယ်။ သူ မနက်ကတည်းက coffeeတစ်ခွက်ပဲသောက်ထားတာ။ အခုပဲ ညနေ၄နာရီကျော်နေပြီ။ သူ့အစာအိမ်ကကောင်းတာမဟုတ်ဘူး။ ဆရာဝန်က နည်းနည်းလေးတောင် ထပ်ပြီးအထိခိုက်မခံပါနဲ့လို့မှာထားတာကို... ။ ဒီလိုနဲ့ သားလေးတစ်ခုခုထပ်ဖြစ်ရင် အန်တီရင်ကျိုးရလိမ့်မယ်သားပိုင်ရယ်... အန်တီ့ကိုကူညီပါဦး။ သူက သားစကားဆိုနားထောင်ပါတယ် "
" ဟင် "
ကျွန်တော် အပေါ်ထပ်ကို အပြေးတက်သွားလိုက်တယ်။
ဒီကောင်ကွာ ... တော်တော်ခေါင်းမာတဲ့ကောင်
" ဒေါက် ... ဒေါက် ... ဘုန်းမာန် ... ငါဝင်လာမယ်နော် "
YOU ARE READING
The Place where Love exists 💙(Completed)