Ep - 11

3.3K 339 2
                                    


စစ်​ပိုင်​'pov - 7

** တစ်​​ချိန်ကျရင်​ခွဲရမယ်​ဆိုတာ သိသိကြီးနဲ့
ထာဝရအတူရှိ​နေခွင့်​ကို ​တောင်းဆိုခဲ့မိလို့
ခွင့်​လွှတ်​ပါ ဘုန်းမာန်​ရယ်​... **

•••••••••••••••••••••••

မာန်နဲ့အတူ မန္တလေးမှာ တစ်လလောက်နေဖြစ်တယ်
အဲ့တစ်လအတွင်းမှာ မာန့်ဘက်က သိသိသာသာရော မသိမသာပါ သူ့ခံစားချက်တွေကို ထုတ်ပြခဲ့တယ်

အရာအားလုံးကိုသိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေရတာက လက်တွေ့မှာထင်သလောက်မလွယ်ကူခဲ့ဘူး

ကျွန်တော် အရမ်းစိတ်ပင်ပန်းရတယ်
သူ့အချစ်တွေကို ကျွန်တော်သိအောင် အမျိုးမျိုးဖော်ပြနေမှန်းသိနေပါလျက်နဲ့
ကျွန်တော့်မှာ ဘာကြောင့်လက်ခံခွင့်မရှိရတာလဲ?
ကျွန်တော်ကရော ...
ကျွန်တော့်အချစ်တွေကို ဘာကြောင့်ဖော်ပြခွင့်မရှိရတာလဲ?
ဘာကြောင့်လဲ? ဘာလို့လဲ?

အသက်၁၀နှစ်အရွယ်မှာ ပါးကိုဆုံးရှုံးခဲ့ရတယ်
ပါးက ကျွန်တော့်ဘဝမှာ ပထမဆုံးချစ်ခဲ့ရတဲ့ယောက်ျားပဲ
အခု ဘုန်းမာန်က ဒုတိယမြောက် ချစ်ခဲ့ရတဲ့ယောက်ျား၊
သူ့ကိုပါ ကျွန်​​တော်​ထပ်​ပြီးဆုံးရှုံးရဦးမှာတဲ့လား?
ကံတရားရယ် ... ခင်များက ကျွန်တော့်အပေါ် ရက်စက်လွန်းမနေဘူးလားဗျာ

.............................................

ဆယ်တန်းအောင်စာရင်းတွေထွက်တော့
မာန်က ဂုဏ်ထူး၎ဘာသာတည်းပါတယ်ဆိုပေမယ့်
အမှတ်ပေါင်း၅၀၀စွန်းစွန်းထိရခဲ့တယ်။

ထူးချွန်လွန်းတဲ့ချစ်ရသူအတွက် ဂုဏ်ယူမိပါရဲ့

.................................

ကျွန်​​တော်​ စက္ကူကြယ်​​ပေါင်း ၅၀၈လုံးတိတိ​ခေါက်​ခဲ့တယ်​...
မာန့်​အမှတ်​က ၅၀၈မှတ်​မို့လို့။

ကြယ်​က​လေး​တွေကို ဖန်​ဘူးထဲ​သေချာထည့်ပြီး ကျွန်​​တော်​ မာန့်​ကို​ပေးဖို့စီစဉ်​ထားတယ်

ယောက်ျား​လေးတစ်​​ယောက်​ဖြစ်​​နေပြီး စက္ကူကြယ်​​ခေါက်​တယ်​ဆို​တော့ ရယ်စ​ရာများဖြစ်​သွားမလား...
ဖြစ်​ရင်​လည်းဖြစ်​ပါ​စေ​တော့ ဘုန်းမာန်​ရယ်
မင်းကငါ့အတွက်​​တော့ တလက်​လက်​​တောက်​ပ​နေတဲ့ ကြယ်​ပွင့်​​လေးမို့

The Place where Love exists 💙(Completed)Where stories live. Discover now