Part 6 (Unicode)

58 3 0
                                    

စစ်ပိုင်'pov - 2

4, November, 2016

ဒီနေ့ကျွန်တော့်ရဲ့၁၉နှစ်ပြည့်မွေးနေ့

ဒီနေ့လေးတစ်ရက် နားပါရစေဆိုတာကို ဟိုဂျပိုးကောင်ကနားခွင့်မပေး။

Chemistryတွေ အစအဆုံးrevisionပြန်တွက်မှာမို့လို့ တစ်နေကုန်လာသင်ပေးရမယ်တဲ့

" သောက်ကျင့်ကိုမကောင်းဘူး "

ခြံတံခါးရှေ့မှာရပ်ပြီး ပုဆိုးပြန်ပြင်ဝတ်လိုက်တယ်။

ကျွန်တော်က ဘုန်းမာန်ထက်၂လငယ်တယ်ဆိုပေမယ့် ဆရာဆိုတာ တပည့်ရှေ့မှာသပ်သပ်ရပ်ရပ်ဖြစ်နေသင့်တယ်လေ။

ကိုယ့်ကိုကိုယ်အဆင်သင့်ဖြစ်ပြီဆိုမှ bellကိုနှိပ်လိုက်တယ်

" တင်း . . . တောင် "

တံခါးလာဖွင့်ပေးတာကိုစောင့်ရင်း ဘုန်းမာန်နဲ့စတွေ့ခဲ့တဲ့အကြောင်းတွေးမိသေး ...။ အဲ့နေ့ကဆို သူ့ကိုမြင်မြင်ချင်း ကိုယ့်ထက်ငယ်တယ်ပဲထင်မိခဲ့တာ

အလို ... ငါပြုံးနေမိတာလား??

ဒီကောင့်အကြောင်းတွေးရုံနဲ့ ငါပြုံးနေမိတာလား ???

ခြံတံခါးပွင့်သွားပြီဆိုပေမယ့် အထဲကကားတစ်စီးထွက်လာတာမို့ ကျွန်တော်အရင်ရှောင်နေပေးလိုက်တယ်။

ဒါပေမယ့် အဲ့ကားက ရှေ့ဆက်မသွားပဲ ကျွန်တော့်နားမှာရပ်သွားတယ်။

" ဘာလား?? "

ဘာကြောင့်ရပ်သွားလဲဆိုတာစဉ်းစားလို့မရသေးခင် ကားမှန်တံခါးပွင့်သွားပြီး ပေါ်လာတာက ဘုန်းမာန်ရဲ့မျက်နှာ ...

** ဟင်!! သူပဲပြောတော့ ဒီနေ့တနေကုန်chemistryတွေလုပ်မှာဆို!!!

အာ့ကြောင့် ကျွန်တော့်မှာ sweet bdလေးကိုတောင် သူငယ်ချင်းတွေနဲ့မsweetနိုင်ပဲ သူ့ဆီစာလာသင်ရတာလေ!!!

အာ့ကို အခုသူက ကားတစ်စီးနဲ့ထွက်လာတယ်ဆိုတော့ ... ဘာသဘောလား ??? **

" တက် "

ဟင်? ကျွန်တော့်ကိုပါကားပေါ်တက်ခိုင်းနေတာလား?? ဘာလုပ်ဖို့လဲ ??

" မင်းကိုယ့်ဘာကိုယ်တက်မှာလား? ငါအတင်းဆွဲတင်ရမှာလား? "

စိတ်မရှည်သလိုထပ်ပြောလာတဲ့ ဘုန်းမာန်ရဲ့စကားကြောင့် ကျွန်တော်ကားပေါ်တက်လိုက်တယ်။

The Place where Love exists 💙(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ