စစ်ပိုင်'pov - 6
တိမ်တွေလို အမြင့်ဆုံးမှာ ခမ်းနားပါချစ်သူ
ဒီလူက မြေကြီးပေါ်ကနေ မင်းကိုငေးကြည့်ရင်းချစ်မယ် ...
...................
ကျွန်တော် ဘုန်းမာန်နဲ့ အရင်လိုမနေဖြစ်တော့ဘူး။ သူကတော့ ဘာမှမသိပေမယ့် ကျွန်တော့်ဘက်က ပြောင်းလဲမှဖြစ်မယ်လေ
" စစ်ပိုင် ... လမ်းထိပ်ကဆိုင်မှာ မုန့်သွားစားရအောင် ... အဲ့ဆိုင်ကအသစ်ဖွင့်ထားတာကွ "
" ငါအိမ်ပဲပြန်တော့မယ် ... မားနေသိပ်မကောင်းလို့ "
...........
" စစ်ပိုင် ဒီစနေနေ့ ငါနဲ့အပြင်လိုက်ခဲ့ပေးပါလား ... မာမီ့အတွက်မွေးနေ့လက်ဆောင်သွားဝယ်ပေးချင်လို့ "
" ငါမအားဘူး ... သူငယ်ချင်းတွေနဲ့ချိန်းထားတယ် "
..................
" ဒီည ပါတီသွားစရာရှိလို့ အင်္ကျီရွေးပေးခဲ့ပါလား စစ်ပိုင် "
" ငါက မင်းရဲ့ stylelistမဟုတ်ဘူး "
" ... "
...................
" ဒီစနေ တနင်္ဂနွေတွေ တနေကုန်လာပေးပါလား ... ငါ revision သေချာလုပ်ချင်လို့ "
" မရဘူး ... ပုံမှန်ချိန်တွေပဲလာမယ် ငါတနေကုန်မအားဘူး "
" မင်းဘာဖြစ်နေတာလဲ စစ်ပိုင် "
" ဘာကိုလဲ!!! ငါ ဘာဖြစ်နေလို့လဲ!!! "
" .... "
ကျွန်တော် မာန့်ကို အော်လိုက်မိတယ်...
ဝမ်းနည်းသွားတဲ့မာန့်မျက်နှာကိုမြင်ရတာ ကျွန်တော့်ရင်ကိုဆွဲစုတ်ခံလိုက်ရသလိုပဲ...
အရမ်းနာကျင်ရတယ်။
** တောင်းပန်ပါတယ် ဘုန်းမာန်ရယ် ... မင်းနာကျင်ရမယ်ဆိုတာသိပေမယ့် ငါရက်စက်ရလိမ့်မယ် **
...........................
နေ့ရက်တစ်ချို့ကုန်လွန်ခဲ့တယ်။
ဆယ်တန်းfinal examတွေပြီးသွားလို့ ကျွန်တော်တို့လို နေ့ကျောင်းသားတွေရဲ့ တက္ကသိုလ်စာမေးပွဲကြီးစခဲ့တယ်။
မာန့်မာမီက သူ့ညီမ မာန့်ဒေါ်လေးတို့ရှိတဲ့ မန္တလေးကိုသွားနေရတာကြောင့် မာန်က ကျွန်တော့်အိမ်မှာ လာနေရပြန်တယ်။
ESTÁS LEYENDO
The Place where Love exists 💙(Completed)