စစ်ပိုင်'pov - 4
" အဲ့ပုစ္ဆာတွေအကုန်မပြီးမချင်း မင်းမအိပ်ရဘူး "
" အာ ... ဟိုလေ ... စစ်ပိုင်ရယ် ဒီနေ့တစ်နေကုန် bioရော chemရော ၂ဘာသာတောင် အစအဆုံးrevisionပြန်ပြီးပြီလေကွာ။ အခုလည်း ည၁၀နာရီခွဲနေပြီကို ဒီပုစ္ဆာတွေအကုန်လုံးတွက်ရဦးမယ်ဆိုတော့ ... "
" ဘာလဲ ... မင်းကမလုပ်ချင်တာလား "
" မဟုတ်ဘူးလေကွာ... တစ်နေကုန်ဒီစာကြည့်ခုံမှာချည်းထိုင်နေရတာ ခါးတွေတောင်ချိနေပြီ။ ဒီသင်္ချာပုစ္ဆာတွေကို တကယ်ထပ်တွက်ရဦးမှာလား... "
" ဒါဆို ငါက စနေတယ်ထင်လို့လား "
" ဒါပေမယ့် ... ငါနားချင်နေပြီ "
" မရဘူး ... အခုတွက် !! "
ဟွန့်
တနေကုန် သူပင်ပန်းနေပြီဆိုတာသိတာပေါ့။
ဒါပေမယ့် တမင်ကိုမနားခိုင်းသေးတာ...
ဘယ့်နှယ် သူကကျွန်တော့်အိမ်ရောက်နေတော့ ကျွန်တော့်မှာတစ်နေကုန်သူ့နားချည်းထိုင်ပြီး စာသင်နေရတာ။ ကွကိုတောင် ၁၀တန်းတုန်းက အဲ့လောက်စာမလုပ်ခဲ့ဖူးဘူး။
အခု ဒင်းကိုစာပြရမှပဲ ကိုယ်ပါဆယ်တန်းပြန်ဖြစ်နေရတယ်။
နေ့လည်နေ့ခင်း တရေးအိပ်ချင်လည်း မအိပ်ရ ...
ပိတ်ရက်လေး သူငယ်ချင်းတွေနဲ့လျှောက်သွားချင်လည်း မသွားရ ...
ဒါတွေအကုန် ဒင်းကြောင့်ဖြစ်ရတာ။
အာ့ကြောင့် သူ့ကိုလည်း တမင်ညှဉ်းပြီး သင်္ချာဆက်တွက်ခိုင်းထားတာ
ကျွန်တော် ဖုန်းတစ်လုံးနဲ့ facebookသုံးလိုက်၊ သူငယ်ချင်းတွေနဲ့chatလိုက်လုပ်နေတာ ဘယ်လောက်တောင်ကြာသွားလဲမသိ...
စာလုပ်ခိုင်းထားတဲ့ဘုန်းမာန်ကိုသတိရလို့ စာကြည့်စားပွဲဆီလှည့်ကြည့်မိတော့ ...
အံမယ် မယ်... သင်္ချာတွက်ခိုင်းထားတာကိုပြီးအောင်မတွက်ပဲ စာအုပ်ပေါ်ခေါင်းမှောက်အိပ်နေတဲ့ ဂျပိုးကောင်
*ဒီကောင်တော့ ငါ့လက်နဲ့တွေ့ပြီ*
ကုတင်ပေါ်ဖုန်းထိုင်သုံးနေရင်းကနေ စာကြည့်စားပွဲဆီလျှောက်သွားလိုက်တယ်။
YOU ARE READING
The Place where Love exists 💙(Completed)