.
စစ်ပိုင်'pov - 9
.
အတန်းထဲမှာ Lectureလိုက်တက်နေရင်း vibrate modeလုပ်ထားတဲ့ဖုန်းကတုန်ခါလာတယ်
Contact nameကိုကြည့်တော့ ဘုန်းမာန်
စာသင်နေချိန်ဆို တော်ရုံဖုန်းမကိုင်တတ်တဲ့ကျွန်တော်က သူ့နာမည်မြင်တာနဲ့အစိမ်းရောင်buttomကိုဆွဲမိသွားတာတော့ ထူးဆန်းသား
📱စစ်ပိုင် ထမင်းစားချိန်ရောက်ပြီလေကွာ၊ မင်းအတန်းကမပြီးသေးဘူးလား
" အေးဒီမှာ တီချယ်roll callခေါ်နေပြီ၊ မင်းသွားနှင့်လိုက်လေ ငါလိုက်လာခဲ့မယ် "
📱 OK .. အာ့ဆို ငါ ရှင်သန်ခြင်းမှာပဲ စောင့်နေမယ်
" OK "
ဖုန်းချလိုက်ပြီးတာနဲ့ ကန်တင်းကိုချက်ချင်းပြေးသွားလိုက်ချင်တာပါ
ဒါပေမယ့် တီချယ်က roll callခေါ်နေတာ ကို့နံပတ်ဆီကိုမရောက်နိုင်သေးတော့လည်း...
** ငါ့ခုံနံပတ်ကို မြန်မြန်ရောက်ပါတော့ဟ **
တီချယ်မထွက်ခင်ကတည်းက ဖင်တကြွကြွဖြစ်နေတဲ့ကျွန်တော့်ကို သူငယ်ချင်းတွေကတောင်အထူးအဆန်းဝိုင်းမေးနေကြသေးတယ်
" ဟျောင့် ငစစ် ... မင်းဘာဖြစ်နေတာလဲ။ ဖုန်းလာသွားပြီးကတည်းကဖင်တကြွကြွနဲ့ ... ဘာလဲ ကောင်မလေးကလှမ်းခေါ်နေလို့လား "
" စိုင်းခမ်းနောင် ... မင်းပေါက်ကရတွေလျှောက်ပြောမနေနဲ့ "
" haha စတာပါကွ ... မင်းကလည်း "
" အေး ...မင်းကစကားများနေ ... ဟိုမှာခေါ်နေတာ မင်းခုံနံပတ်ဆီရောက်တော့မယ် "
" ဟမ် ဟုတ်သား "
မကြာပါဘူး ကျွန်တော့်roll no.ခေါ်ပြီးတာနဲ့ အိတ်ဆွဲပြီးအနောက်ပေါက်ကနေလစ်ထွက်လိုက်တယ်
အခန်းပြင်ရောက်တာနဲ့ ကန်တင်းဆီပြေးဖို့ခြေလှမ်းပြင်တုန်းရှိသေး ...
" ဟော ... သားဇွဲ အတော်ပဲ ... တီချယ့်ကိုဒီစာအုပ်တွေ ဌာနကိုသွားပို့ပေးပါကွယ်။ တီချယ်မနိုင်လို့ "
လှေကားမှာသွားတွေ့တာက တီချယ်ရတနာ
လက်ထဲမှာလည်း tutorialစာအုပ်ပုံးကြီးနဲ့
DU LIEST GERADE
The Place where Love exists 💙(Completed)