တိတ်ဆိတ်နေတဲ့ဆေးရုံကော်ရစ်တာမှာ
ရုတ်တရက်ဆူညံသွားတဲ့ခြေသံတွေ...
ခုံထူဖိနပ်သံတဘုတ်ဘုတ်နဲ့ ဒေါက်ဖိနပ်သံတခွပ်ခွပ်တွေ...
ကျီးကန်းသိုက်ထဲဇီးကွက်ဝင်သလို
ဆူညံပွက်လောရိုက်နေတဲ့စကားသံတွေ...
ပြီးတော့ 'ဝုန်းး'ခနဲတံခါးဆွဲဖွင့်သံနဲ့အတူ
အခန်းထဲကိုအပြေးအလွှားဝင်လာကြတဲ့
ဇရက်မ ၄ကောင်
" မာန် ... မာန်ရေ ... ဘာဖြစ်တာလဲဟဲ့ "
" မာန်ရေ ... ငါတို့ကိုမျက်လုံးဖွင့်ကြည့်ပါဦး "
" နင်ကငါတို့ကိုsupriseလုပ်တာလားမာန် ...
သတိပြန်ရတော့လေဟာ "
" မာန်ရေ...နင်ထမလာတော့ဘူးဆိုရင် နင့်ရဲ့P'ဇွဲကို ငါအပိုင်သိမ်းပစ်လိုက်မှာနော် "
"" ဘာ !!! ""
" အမလေး!! "
သတိမေ့နေတဲ့မာန့်ကိုကြည့်ပြီး နောက်ဆုံးပြောလိုက်တဲ့သရဖီ့စကားကြောင့်
စံပယ်ရော၊ ဝတ်လွှာ ဝတ်မှုံအမြွှာရော
၃ယောက်ပေါင်းပြီး သရဖီ့ဘက်လှည့်အော်လိုက်ကြတယ်
" နင်ခုနကဘာစကားပြောလိုက်တာလဲ သရဖီ "
" ငါက စကားအဖြစ်ပြောလိုက်တာပါမှုံရယ်
အတည်မဟုတ်ပါဘူး ... "
" အေး အတည်ဆိုရင်လည်းနင့်ကို မာန်ဘာမှမလုပ်ရင်တောင် ငါကသတ်မှာ "
တစ်ယောက်တစ်ပေါက်နဲ့ပြောချင်တိုင်းပြောနေကြတာ လက်ပံပင်ဇရက်ကျနေသလိုပဲ
သူတို့ဝုန်းဒိုင်းကျဲနေတာနဲ့တင် အောက်ကလူနာကလန့်နိုးလာတော့မယ်
" ညီမတို့ ... တိုးတိုးနေပေးကြပါ ... ဒါဆေးရုံခန်းဆိုတာလည်းသတိရပါဦး "
ဖီ : Oh ဟုတ်သားပဲ ... P'ဇွဲခပ် မာန့်အခြေအနေဘယ်လိုရှိလဲခ
ဇွဲ : မာန်ကအခုတော့စိတ်ချရပါပြီ
တခြား လိုအပ်တဲ့စစ်ဆေးတာတွေကတော့ သတိရလာပြီးမှဆက်လုပ်ရမယ်တဲ့။
BINABASA MO ANG
The Place where Love exists 💙(Completed)