Part-15 (Unicode)

76 3 1
                                    

မာန့်သူငယ်ချင်းတွေ ရောက်လာတုန်းခဏမှာ

လေကောင်းလေသန့်လေးရှူချင်မိတာနဲ့ ကျွန်တော် ဆေးရုံခန်းထဲကထွက်လာခဲ့လိုက်တယ်။

ညကအိပ်ရေးမဝထားတာရယ်၊ မာန့်ကြောင့်ပြေးလွှားထားရတာတွေရယ်ပေါင်းလိုက်တော့ ခေါင်းထဲမှာမူးနောက်နောက်ဖြစ်နေတာမို့  ဆေးရုံဝင်းထဲကပန်းခြံလေးထဲ လမ်းခဏလျှောက်ရင်း ဆရာဝန်ကြီးပြောတဲ့စကားတွေပြန်တွေးမိတော့ ...

" အခုအခြေအနေအတိုင်းဆို လူနာက အစာအိမ်ကင်ဆာရောဂါခံစားနေရပြီလို့ ယူဆရတယ်။ အဲတော့ doctorတို့သူ့ကို အစာအိမ်မှန်ပြောင်းကြည့်ပြီးစစ်ဆေးရလိမ့်မယ်။  တစ်ရှူးနမူနာလည်းယူပြီး စစ်ဆေးကြည့်ရမယ်။ ရောဂါအခြေအနေကိုစောစောသိတော့ စောစောခွဲစိတ်ကုသလို့ရတာပေါ့။ အဲလိုမဟုတ်ပဲ ဒီအတိုင်းသာဆက်လွှတ်ထားလိုက်မယ်ဆိုရင် မကြာခင်အချိန်အတွင်းမှာ လူနာအသက်ဆုံးရှူံးရနိုင်တယ်။ "

ဟင်း ...

ခုံတန်းလေးပေါ်ထိုင်ပြီး မျက်စိမှိတ် ခေါင်းငုံ့ထားလိုက်ရင်း သက်ပြင်းမောတစ်ခုကိုလွှတ်ထုတ်လိုက်တယ်။

ဒီလိုအချိန်ရောက်မလာပါစေနဲ့လို့ အခါခါဆုတောင်းနေတာတောင်မှ

ခင်ဗျားဘာကြောင့်ရက်စက်ရတာလဲကံကြမ္မာ

စောသေးတယ်လေဗျာ...

သူ ကျွန်တော့်နားကထွက်သွားဖို့အချိန်က စောနေသေးတယ်လေဗျာ...

ကျန်းမာရေးအတွက် ခွဲခွာရမှာက ခဏပါ။

ဒါပေမယ့်  AUSလိုက်သွားပြီးရင် မာန့်ဒယ်ဒီက ဒီကိုလုံးဝပြန်မလွှတ်တော့ဘူးဆိုတာကြိုသိနေတာမို့

" တစ်ယောက်တည်းနေရစ်ခဲ့ဖို့ ငါ အဆင်သင့်မဖြစ်သေးဘူးမာန် "

ရုတ်တရက် !

တိတ်ဆိတ်နေတဲ့ပန်းခြံကလေးကို တတိယကမ္ဘာစစ်ဖြစ်သလို ပွက်လောရိုက်သွားစေတဲ့ ခုံထူဖိနပ်သံကြီး

ဆေးရုံထဲကနေ ကျွန်တော်ရှိနေတဲ့ပန်းခြံထဲအထိ တဖုန်းဖုန်းနဲ့အသည်းအသန်ပြေးလာတဲ့ ဝတ်မှုံ

" P'ဇွဲ ... ဟောဟဲ ... မာန် ... သတိရလာပြီ ... ဟောဟဲ ... "

တစ်လုံးပြောပြီးတိုင်း ဟောဟဲလိုက်နေတဲ့ဝတ်မှုံအမောဖြေနေတာကိုတောင်မစောင့်နိုင်။

The Place where Love exists 💙(Completed)Où les histoires vivent. Découvrez maintenant