Part 2 (Unicode)

147 4 1
                                    

ကျောင်းအပ်ပြီးသောအခါ စစ်ပိုင်ကရထားစီးပြန်သည်။ မြို့ပတ်ရထားမစီးဖူးသောဘုန်းမာန်ကလည်း အတူလိုက်ပြန်သည်။ ရထားဆိုက်ချိန်မရောက်သေးသောကြောင့် ဘူတာရုံကခုံလေးများတွင် ခေတ္တထိုင်စောင့်နေရ၏။

"ဝှီး... မောလိုက်တာကွာ။ လူတွေကလည်းအများကြီးနဲ့ ပူအိုက်နေတာပဲ"

"ဘုန်း မာန် ဝင့်! မင်းဟာလေ ယောကျ်ားမဟုတ်တာကျနေတာပဲ။ မင်းနဲ့ငါအတူတူကျောင်းအပ်လာကြတာပဲကို ငါကျဘာလို့မပင်ပန်းလဲ"

"ဟာ! တူမလားကွ ၊ မင်းက 3rd yearဆိုတော့ ဒီမှာကျောင်းအပ်လာရတာ၃နှစ်တောင်ရှိပြီလေ၊ ငါကခုမှ1st yearစအပ်ရတာကွ၊ အတွေ့အကြုံမရှိသေးတော့ ပင်ပန်းတာပေါ့"

"အေးပါကွာ ... မင်းပဲညီးနေတော့ ခိုကောင်ရဲ့။ ဒါနဲ့ မင်းကဒီနေ့ဘာလို့ကားယူမလာတာလဲ? မနက်ကရော...ဘာနဲ့လာတာလဲ? "

"မနက်ကtaxiနဲ့လာတာ။ ကားက ဝပ်ရှော့ပို့ထားရလို့"

"အပိုတွေကပြောပြန်ပြီ ။ မင်းအိမ်မှာကားတစ်စီးတည်းရှိတာကျနေတာပဲ ။ ကွကိုအပျင်းတစ်ပြီး ကားမမောင်းချင်လို့မယူလာတာမလား?"

"အေး သိရင်လည်းပြီးရောပေါ့ကွာ ။ ဘာလို့လေကုန်ခံပြီးမေးနေသေးလဲ"

"အေးဟေ့ ... ငါပဲမှားတာ"

လို့ပြောပြီး ကျွန်တော့်ကိုမျက်စောင်းထိုးသွားတဲ့ စစ်ပိုင်။

ငါမပြောဘူးစစ်ပိုင် ။ မင်းနဲ့အတူပြန်ချင်လို့ တမင်ကားယူမလာခဲ့ဘူးဆိုတာ၊ မင်းရဲ့တစ်နေ့တာမှာ ငါလည်းပါဝင်ချင်လို့ မင်းစီးတဲ့ရထား ငါလိုက်စီးတယ်ဆိုတာ၊ ငါ့ဘဝထဲကိုမင်းဝင်မလာဘူးဆိုတာသိနေလို့ မင်းဘဝထဲငါဝင်ဖို့ကြိုးစားနေတယ်ဆိုတာ၊

ဒါတွေကို အခုချိန်မှာ ငါဝန်မခံနိုင်သေးဘူး စစ်ပိုင်"

ရထားစထွက်တာနဲ့ စစ်ပိုင်ကပြောသည်။

"ပြတင်းပေါက်ကနေ တိမ်တွေကိုသေချာခံစားပြီးကြည့် ။ ဒီမှာက တိမ်တွေအရမ်းလှတာ" တဲ့။

နေပါစေစစ်ပိုင်ရယ်။ မင်းကိုကြည့်နေရရုံနဲ့တင် ငါ့ကမ္ဘာကြီးက အလိုလိုလှနေတာ

The Place where Love exists 💙(Completed)Tempat cerita menjadi hidup. Temukan sekarang