The Whole FresherWelcome Day
ပွဲတစ်ခုခုရှိပြီဆို မိန်းဆောင်ရဲ့ခန်းမကျယ်ကြီးထဲမှာ အပေါ်ထပ်ရောအောက်ထပ်ပါ အကုန်လူပြည့်နေတတ်တာ ကျွန်တော်တို့YUEcoရဲ့ထုံးစံ။
အဲ့ဒါကြောင့်မို့ အထာမသိသေးတဲ့fresherလေးတွေဖြစ်တဲ့ သရဖီ၊ စံပယ်၊ ဝတ်လွှာ ဝတ်မှုံတို့ကို အစောကြီးကတည်းကနေရာဦးခိုင်းထားရတယ်။
ဘုန်းမာန်ကတော့ King Selectionထဲပါတာမို့ စင်နောက်မှာအလုပ်တွေရှုပ်နေလေရဲ့။
ကျွန်တော်တို့ECတွေလည်း လိုအပ်တာလေးတွေကူညီပေးနေရတယ်။
" ဇွဲစစ်ပိုင်ရေ ... ဒီမှာနေရာချဖို့လေးတွေလာကူညီပေးပါဦး "
" ok ok "
" ကိုဇွဲစစ်ပိုင် soundboxကအသံထွက်မကောင်းလို့ တစ်ချက်လာကြည့်ပေးပါဦး "
" အေးအေး ... အစ်ကိုလာပြီ "
" ကိုပြည့်စုံရေ ... ပြဿနာတော့တက်ပြီထင်တယ် "
" ဘာလို့လဲ ညီမ ... ပွဲစီစဉ်တာမှာဘာဖြစ်လို့လဲ "
" cover danceလာကပေးမယ့်အဖွဲ့က ခုထိမရောက်သေးဘူး။ ဖုန်းဆက်ကြည့်တော့လည်း ကားလမ်းအရမ်းပိတ်နေလို့ရောက်ဖို့နည်းနည်းလိုဦးမယ်တဲ့။ ပွဲအစီအစဉ်အတိုင်းဆိုသူတို့အဖွဲ့က king & queen performanceတွေပြီးတာနဲ့ ဝင်ကရတော့မှာ။ တစ်ယောက်ယောက်နဲ့အစားထိုးရတော့မယ်ထင်တယ် "
" အာ ... အလှည့်ချိန်းဖို့အဆင်မပြေဘူးလား "
" အလှည့်ချိန်းဖို့ကျတော့လည်း သူ့နောက်အဖွဲ့တွေက ဘာမှအဆင်သင့်မဖြစ်သေးဘူး "
" ဒါဆို ... တစ်ယောက်ယောက်ကို သီချင်းတက်ဆိုခိုင်းလိုက်တာပဲဖြစ်ဖြစ် လုပ်မှဖြစ်တော့မယ် "
" အင်း ... အဲ့လိုဆိုအဆင်ပြေလောက်တယ် "
" Ok ... အာ့ဆို သီချင်းဆိုတတ်မယ့်လူတစ်ယောက်ယောက်ရှာရမယ် ... ခုချက်ချင်းကြီး တီးလုံးရှာဖို့ကလည်းအဆင်မပြေဘူးဆိုတော့ guiterတီးပြီးဆိုတတ်တဲ့လူမျိုးဆို ပိုအဆင်ပြေမယ်နော် "
" ဟုတ် အစ်ကို "
" ( clap clap )
အားလုံးပဲ စင်နောက်ကလူတွေ ... တစ်ချက်လောက်နားထောင်ပေးပါ။
YOU ARE READING
The Place where Love exists 💙(Completed)