Part - 1(Uni)

563 19 7
                                    


"ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ မောင်မယ်သစ်လွင်များအား လှိုက်လှဲစွာကြိုဆိုပါ၏"

ကျောင်းအဝင်ဝမှာ ဗီနိုင်းထုတ်ပြီးချိတ်ထားတဲ့စာတန်းတစ်ခု၊ ဘယ်ညာတစ်ဖက်စီမှာ "ရန်ကုန်စီးပွားရေးတက္ကသိုလ်"ဆိုတဲ့နာမည်ကို မြန်မာလိုတစ်ဖက် အင်္ဂလိပ်လိုတစ်ဖက်ရေးထားတဲ့အုတ်နံရံ။

ကျောင်းမုခ်ဦးကိုအလှဆင်ထားတာကဒီလောက်ပဲ။

ကျောင်းပေါက်ဝမှာရပ်ပြီး ဘယ်ဘက်ကြည့်မလား? ညာဘက်ကြည့်မလား?
လမ်းတစ်လျှောက်မြင်ကွင်းတွေ ကြည့်မလား?
လယ်ကွင်းတွေကလွဲပီး ဘာမှမရှိ။

"Shit! တော်တော်ချောင်ကျတဲ့နေရာ"

ဘုန်းမာန်ဝင့် မျက်နှာရှုံ့တွကာညည်းလိုက်မိစဉ်မှာပင် ဖုန်နံ့ပါသောလေပူတစ်ချို့က သူ့ခန္ဓာကိုယ်ကို ဖြတ်တိုက်သွားသည်။

" ချီးလိုပဲ.. gelနဲ့သေချာပုံသွင်းလာတဲ့ ငါ့ရဲ့Mario hair styleလေးတော့ ပဲ့ပါပြီ"

ဟင်း ... ဒီတိုင်းကြာကြာရပ်နေလို့မဖြစ်။

အနက်ရောင်ကချင်လွယ်အိတ်ထဲကဖုန်းကိုထုတ်ပြီး screenပေါ်မှာလက်ချောင်းတွေကစားလိုက်သည်။ ပြီးတော့ နားနားကပ်ပြီး တစ်ဖက်ကအသံကိုနားထောင်နေလိုက်သည်။

တူ ... တူ ... တူ ... တူ ... Hello ဘုန်းမာန် .. ပြောလေ။

"ဟေ့ကောင် ငါရောက်နေတာကြာလှပြီ။ မင်းကခုချိန်ထိမရောက်နိုင်သေးဘူးလား။ ချီးလိုပဲ ... မင့်ကျောင်းကလည်းခေါင်ခိုက်နေလိုက်တာမှ ငါ့အိမ်ကနေဒီရောက်ဖို့ ၃နာရီလောက်ကြာတယ်။ တက္ကသိုလ်သာပြောတယ် ... လယ်ကွင်းကလွဲပြီးဘာမှမရှိဘူး။ စောက်လေပူတွေကလည်း ဘာတိုက်သလဲမမေးနဲ့။ နေကလည်းသေမလိုပူတယ်။ မင်းကိုရပ်စောင့်နေရတဲ့အချိန်အတွင်းမှာ ငါ့အသားတွေဘယ်လောက်တောင်မည်းသွားလဲမင်းသိလား ဟမ်!!! "

📞 ဟျောင့် ဘုန်းမာန်။ မင်းကိုဘယ်သူက ဒီကျောင်းမှာအတင်းလာတက်ခိုင်းနေလို့လဲ၊ ဟမ်!!!! မင့်ဘာမင်းတက်ချင်လှပါချည်ရဲ့ဆိုပြီး AUSမှာတောင်သွားမတက်ပဲရွေးထားတဲ့ကျောင်းလေ။ အကောင်းမမြင်ဘူးဆိုရင်တောင် အဲ့လိုကြီးတော့မပြောသင့်ဘူးကွ! နားလည်လား!!! မင်းအဲ့လောက်တောင်သဘောမကျဖြစ်နေရင် ဘာလို့လာတက်နေဦးမှာလဲ။ မင်းအဖေရှိတဲ့AUSမှာပဲ ကျောင်းသွားတက်တော့ပေါ့

The Place where Love exists 💙(Completed)Donde viven las historias. Descúbrelo ahora