(unicode)
.
.
.
.
."ဝေး...စာမေးပွဲကြီးပြီးပြီဝေ့"
ကျောင်းဝန်းထဲမှပြေးထွက်လာကြသော ကလေးတွေက အလယ်တန်းစာမေးပွဲကြီးပြီးသွား၍ ကျောင်းရှေ့တွင် ပျော်ရွှင်ကာ အော်ဟစ်ဆူညံနေကြတော့သည်။
ထိုထဲတွင် ထယ်ယောင်းတို့သူငယ်ချင်းအုပ်စုလည်းပါသည်။တချို့ အိမ်ပြန်သူကပြန် တချို့ကျတော့လည်း သူငယ်ချင်းတွေစုကာ စာမေးပွဲပြီးတဲ့အနေနဲ့ လျှောက်လည်းဖို့ အဖော်စပ်သူကစပ်နဲ့ လမ်းတလျှောက် ကြွက်ကြွက်ကိုညံနေတော့သည်။
ထယ်ယောင်း ကတော့ ဘာအစီစဉ်မှမရှိ။မေမေ ကလည်း...
"စာမေပွဲပြီးရင် အိမ်အရင်ပြန်လာရမယ်"
လို့မှာလိုက်တယ်လေး။အဲတော့ အိမ်ပဲ ပြန်ရတော့မှာပေါ့။
သူငယ်ချင်းနှစ်ယောက်ကလည်း သူ မပါတော့ ပျော်စရာမကောင်းဘူး ဆိုပြီး လျှောက်မလည်တော့ပဲ သူနဲ့ အတူ အိမ်ပဲပြန်လာကြတော့တယ်။
သုံးယောက်သာ အတူလမ်းလျှောက်လာရင် ဆူဘင်က စကားစရင် မေးလာသည်။
" ထယ်ထယ် နောင်နှစ် အထက်တန်းကျရင်လည်း ဒီမှာပဲ တက်မှာလား"
"ဟင့်အင်း ဖေဖေ နဲ့ မေမေ က ဆိုးလ်ကို ပို့မယ်လို့ ပြောတာပဲ"
"အဆောင်သွားနေရမှာပေါ့"
"ဆိုးလ်မှာ ငါ့အကိုရှိတယ်လေး သူ့ဆီသွားနေရမှာ"
ဒီတော့ ယွန်ဂျူး ကလည်း ပြောလာသည်။
"ဟင့် နောက်နှစ်ကျ မင်းမပါတော့ ပျော်စရာကောင်းမှာမဟုတ်တော့ဘူး ငါတို့သုံးယောက် ခွဲရတော့မှာပေါ့"
"အေ့လေး ငါတို့နှစ်ယောက်ပဲ ကျန်ခဲ့ရတော့မှာ မသွားပါနဲ့လား ငါတို့နဲ့ အတူတက်လေးနော်"
"ငါလည်း မသွားချင်ပါဘူးကွာ ဖေဖေ နဲ့ မေမေ က အရင်နှစ်ထဲက ပို့ချင်နေတာ ငါ မနဲ့ပြောထားလို့သာ အခုထိ ဒီမှာတက်နေရတာလေး နှောင်နှစ်ကျ မင်းတို့နဲ့ အတူမတက်ရပေမဲ့ ငါလည်းမင်းတို့ကို သတိရနေမှာပါ "
"အေ့ပါ ငါတို့လည်း မင်းကို သတိရနေတော့မှာ ဒါနဲ့ ဘယ်တော့လောက် သွားရမှာလည်း"
YOU ARE READING
First Love》JkV》{Complete}
RomanceUnicode + Zawgyi J 💜 V #taekookfic #kookvfic #Myanmar funny , romance ♡start date 23.10.22 ♡end date 13.12.23 🍜 ဤ fic သည် စာရေးသူ၏ စိတ်ကူးယဉ်အတွေးများကို ဖန်တီးပုံဖော်ထားခြင်းသာဖြစ်သည်။ပထမဆုံးရေးဖူးတဲ့ fiction ပါ။ဝင်ဖတ်မယ်ဆိုရင်တော့ အမှားတွေအမျ...