🌼2🌼(U+Z)✔️

1.8K 31 1
                                    

(unicode)
.
.
.
.
.

အထက်တန်းကျောင်းတွေ စဖွင့်တဲ့နေ့...........။

ဒီနေ့ ကျောင်းစဖွင့်တဲ့ နေ့ဆိုတော့ ဂျောင်ဂုတယောက် အိပ်ရာထ ရေမိုးချိုး ပြင်ဆင်ကာ ကျောင်းဝတ်စုံလေး ဝတ် ရေမွှေးလေးစွတ် လွယ်အိတ်လေးလွယ်ကာ အောက်ဆင်းလာခဲ့သည် ။
ကိုယ်က ချောပြီးသားမို့ မှန်ကြည့်စရာမလို။ဒီတိုင်း မပြင်မဆင် ထသွားရင်တောင် ချောနေတုန်းပဲမို့။

ဂျောင်ဂုက ရုပ်ချော ဥစ္စာပေါ သူဌေးသား‌လေး ဖြစ်ရုံသာမက စာလည်းတော်သည် ။ပျော်ပျော်နေတတ်ပြီး ပေါင်းသင်းဆက်ဆံရေးလည်းကောင်းသလို သူငယ်ချင်းလည်းပေါသည်။သိသိမသိသိ သူအကုန်စကားပြောသည်။ သူဌေးသားဆိုပြီး မာနလည်းမကြီး သဘောလည်းကောင်းသည်။သူအခင်ဆုံး သူငယ်ချင်းသုံးယောက်လည်းရှိသည်။သူလိုပဲ ဥစ္စာပေါရုပ်ချော သူဌေးသားလေးတွေဖြစ်ပြီး စာတော်ကြသည်။

အောက်ထပ် မီးဖိုချောင်တွင် Mrs.Jeon က မနက်စာပြင်နေရင်း ဂျောင်ဂု ဆင်းလာတာမြင်တော့ လှမ်းပြောလေသည်။

"သားလေး မနက်စာ လာစား မေမေ ပြင်ပေးထားတယ်"

"ဟုတ် မေမေ ၊ ဖေဖေ ရော"

"သား ဖေဖေ က အရေးကြီး ဧည့်သည်နဲ့ ချိန်ထားတယ်ဆိုပြီး အစောကြီးထွက်သွားတယ်လေး"

"အော်"

"သားလေး အခု အထက်တန်းရောက်နေပြီးဆိုတော့ စာပိုကြိုးစားရမယ်နော်"

"ဟုတ်ကဲ့ပါ မေမေ့ သားလေးက တော်ပြီးသားပါနော်"

"ဟုတ်ပါပြီး လွယ်အိတ်လည်း စစ်ဦး အကုန်ပါပြီးလား မုန့်ဖိုးရော ယူပြီပြီးလား"

"ဟုတ် အကုန်ပါတယ်"

ဂျောင်ဂုလည်း စားသောက်ပြီး လွယ်အိတ်ဆွဲကာ ကျောင်းသွားဖို့ အမေဖြစ်သူကို နှုတ်ဆက်လိုက်တယ်။

"သား ကျောင်းသွားတော့မယ် "

"အေအေ "

************

ကျောင်းရောက်တော့ ထောင့်နဲနဲကျတဲ့ အခန်းနံရံဘက်က ပြတင်းပေါက်နားမှာ ဝင်ထိုင်နေလိုက်သည်။

"ဟို ကောင်တွေလည်းမရောက်သေးပါလား"

တယောက်ထဲ ပျင်းတာနဲ့ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်ရင်း အဝင်အထွက်နားက ပြတင်းပေါက်နားမှာ လာရပ်တဲ့ ပုံရိပ်‌လေးတခု။သေချာကြည့်လိုက်တော့ ကောင်လေးတယောက်က ကျောပေးကာ ရပ်နေတာကြောင့်သေချာမမြင်ရ။

First Love》JkV》{Complete}Where stories live. Discover now