(Unicode)
နေ့တိုင်း ကျောင်းအတူသွားဖြစ်နေတာကြောင့် သူလည်း ဂျောင်ဂုနဲ့ ခင်မင်ရင်းနှီး နေပြီးဖြစ် သည်။ဂျောင်ဂုက ဖော်ဖော်ရွေရွေရှိတာကြောင့်လည်းပါသည်။ဂျီမင်ပြီရင် ဂျောင်ဂုက သူအခင်ဆုံးသူငယ်ချင်းဟု စိတ်ထဲကနေ တိတ်တိတ်လေး သတ်မှတ်ထားသည်။အခုဆို သူမှာ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိလာခဲ့ပြီးပေါ့။ပြောရင်းဆိုရင်း ယွန်ဂျူးနဲ့ ဆူဘင် ကိုတောင်သတိရလာသည်။သူတို့ဆီတောင် တခါမှ ဖုန်းမဆက်ရသေးဘူးပဲ။သူလည်း ပတ်ဝန်းကျင်အသစ် ကျောင်းအသစ်မှာ အသားကျအောင် အချိန်ယူနေရတာကြောင့် သူတို့ကို မဆက်သွယ်အားပါ။အင်း သူတို့ဆီ တခါလောက် ဖုန်းဆက်ဦးမှပါလေး။
အခုလည်းကျောင်းဆင်းချိန်မို့ နေ့လယ်စာစားပြီး ဂျီမင်နဲ့အတူထွက်လာခဲ့ကြသည်။အရိပ်ကောင်းတဲ့ သစ်ပင်အောက်ဝင်ထိုင်လိုက်ကြပြီး ဂျီမင်က လက်ထဲက စားလက်စမုန့်ထုတ်ကို နှိုက်စားနေသည်။သူ့ဘေးမှာ ထယ်ယောင်းက စတော်ရီမစ်ရှိတ်ထိုင်သောက်နေသည်။ထိုင်နေတဲ့ သူတို့ဆီကို ဦးတည်ကာ လျှောက်လာနေတဲ့ ကျောင်းသားတဦး။
"ဒီနားမှာ ထိုင်လို့ရလား"
သူတို့နှစ်ယောက် အေးအေးလူးလူး လေညှင်းခံနေတုန်း ကျောင်းသားတယောက်က ထိုသို့မေးလာတာကြောင့် လှည့်ကြည့်လိုက်တော့ ဒုံဟွန်း ဆိုတဲ့တယောက်။
"ရတယ် ထိုင်လေး"
သူတို့ ထိုင်ခွင့်ပြုလိုက်တာကြောင့် ဒုံဟွန်းက ဝင်ထိုင်လိုက်ပြီး သူတို့ကို ထပ်ပြောလာပြန်သည်။
"ဒါနဲ့ ငါတို့က တခန်းထဲဆိုပေမဲ့ စကားမပြောဖြစ်ကြဖူးနော်"
ပတ်ဒုံဟွန်း ဆိုတဲ့တယောက်က သူတို့ကို စကားပြောဖို့ ကြိုးစားနေမှန်း ရိပ်မိလိုက်ကြသည်။ဒီကောင် အခုမှအထူးဆန်းတွေလာပြောနေတယ်။ဂျီမင်ကပဲ ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်လေး ငါတို့ချင်းက မခင်ကြတော့ မပြောဖြစ်ဘူးပေါ့"
"မင်းပြောတာ ဟုတ်ပါတယ် ငါ မင်းတို့နဲ့ ခင်လို့ရလား"
ထိုသို့မေးလာတာကြောင့် ဂျီမင် ထယ်ယောင်းကို ကြည့်လိုက်သည်။ထယ်ယောင်းကတော့ သူ့ပါသူ အအေးစုပ်သောက်နေသည်။ဂျီမင်လည်း ထယ်ယောင်းကို ကုတ်လိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။
YOU ARE READING
First Love》JkV》{Complete}
RomanceUnicode + Zawgyi J 💜 V #taekookfic #kookvfic #Myanmar funny , romance ♡start date 23.10.22 ♡end date 13.12.23 🍜 ဤ fic သည် စာရေးသူ၏ စိတ်ကူးယဉ်အတွေးများကို ဖန်တီးပုံဖော်ထားခြင်းသာဖြစ်သည်။ပထမဆုံးရေးဖူးတဲ့ fiction ပါ။ဝင်ဖတ်မယ်ဆိုရင်တော့ အမှားတွေအမျ...