🌼22🌼(U+Z)

567 15 1
                                    

အခု ထယ်​ယောင်း၊ဂျီမင်၊​ဂျောင်ဂု၊ဟို​ဆော့၊နမ်ဂျွန်၊ယွန်ဂီတို့ ​ခြောက်​ယောက်မှာ ပင်လယ်ကမ်စပ်တ​နေရာ၌ရပ်​နေကြသည်။လက်ထဲမှာလည်း သံ​ချိတ်​ကောက်လိုလို အရာတခု နဲ့ ​ရေပုံတလုံးစီလည်း ကိုင်ထားကြပြီး ဦးထုတ်ကြီးကြီးကိုလည်း ​ဆောင်ထားကြ​သေးသည်။​ခြေ​ထောက်မှာလည်း ဘွတ်ဖိနပ်စီးထားကြပြီး လက်အိတ်အပြင် ဘယ်ကငှားဝတ်လာမှန်းမသိသည့်အဝတ်အစားတချို့​ကြောင့် လယ်​တောထဲဆင်း​တော့မဲ့အ​ဒေါ်ကြီး​ပုံ​တောင် ​ပေါက်​နေကြသည်။
ခပ်လှမ်းလှမ်း၌ ငုတ်တုတ်ထိုင်ကာ ဟိုတစုဒီတခုရှိ​နေကြသည့် လူ​တွေဟာ တခုခုကို ရွံ့​တွေထဲက​နေ လိုက်ကာ တူးဆွ​နေကြသည်။ပင်လယ်​လေကလည်း တဝူးဝူးနဲ့တိုက်ခတ်​နေသည်။

"ဖြစ်ပါ့မလား ငါကအ​ကောင်​တွေဆို​ကြောက်တယ်​နော်"

ထိုသို့​​ပြောလာသည့်က ဟို​ဆော့။

"ဘာလို့မဖြစ်ရမှာလဲ သူတို့ တူးသလို တူးကြည့်ကြတာ​ပေါ့ ငါထင်တာ​တော့ ​ပျော်စရာ​ကောင်းမယ်ထင်တယ်"

ပြန်​ပြောလာသည့် သူက ​ဂျောင်ဂု။နမ်ဂျွန်ကလည်း ​ဂျောင်ဂုစကားကို ​ထောက်ခံလိုက်သည်။

"ဟုတ်တယ် ငါလည်းမလုပ်ဖူး​တော့ စမ်းကြည့်ခြင်တယ်"

"​ပြော​တော့ဖြင့် ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ်နဲ့ ခုထိတ​ယောက်မှလည်း ရွံ့နဲ့​ ခြေ​ထောက်နဲ့မထိကြ​သေးဘူး"

ဤသို့​ပြောလာသူက ယွန်ဂီ။​

"ငါ မသွားလို့ရလား"

ဂျီမင်ကလည်း မျက်နှာငယ်​လေးနဲ့​မေးလာသည်။ရွံ့ဆိုတဲ့ဟာကို သူမနင်းဖူး။မ​တော် နင်းလိုက်လို့ မြုပ်သွားရင် ဘယ်နဲလုပ်မလဲ။ကြည့်ရတာ ​ပျော့​ပျော့ကြီးရယ်။

"လာပါ ဘာမှဖြစ်ဘူး ငါအရင်ဆင်းပြမယ်"

ထယ်​ယောင်းက ထိုသို့​ပြောပြီး ​ရှေ့က​နေ ဦး​ဆောင်ကာ ရွံ့ထဲဆင်းပြလိုက်သည်။ရွံ့ဆိုတာထက် သဲနု​လေး​တွေမို့ သိပ်လည်း နစ်မသွားပါ။
ဆင်းလိုက်​တော့လည်း ဒီ​လောက်ကြီး နစ်မသွား​တော့မှ ဂျီမင်လည်း လိုက်ဆင်းလာသည်။ကျန်တဲ့သူ​တွေလည်း လိုက်ဆင်းလာကြသည်။သို့​သော်​ချောတာ​ကြောင့် သတိထား​လျှောက်​နေရသည်။

First Love》JkV》{Complete}Where stories live. Discover now