🌼16🌼(U+Z)

439 18 1
                                    

(Unicode)
.
.
.
.
.

"ဟဲ့ ငါဆိုးထားတာလေးလှလား"

"လှတယ် ဘယ်ကဝယ်တာလဲ"

"အွန်း ဟိုနေ့က အသစ်ဖွင့်တဲ့ဆိုင်ကနေဝယ်လာတာ အဲမှာ အတော်စုံတယ်သိလား နှုတ်ခမ်းနီတွေဆိုလည်း ဝိုး ငါသာပိုက်ဆံရှိရင် အကုန်တောင်ဝယ်ပစ်ချင်တယ် ဟီး"

"ဟုတ်လား ကျောင်းပိတ်ရင် ငါလည်း သွားဝယ်ဦးမယ်"

"ငါဒီနေ့ မိတ်ကပ်လိမ်းလာတာ ဘယ်လိုလဲ"

"ဒါကြောင့်ကို ဒီနေ့ပိုလှနေတာ"

"ဟီးဟီး"

"ငါရောပဲ ငါရောပဲ"

မှန်လေးကိုင်ကာ နှုတ်ခမ်းနီ ဆိုနေသူ၊ ဘီးကိုင်ကာ လှနေပြီးသားဆံပင်ကို ဖီးနေသူနဲ့။ဘယ်သူမိတ်ကပ်လိမ်းလာတယ် ၊ ဘယ်မှာ ဘယ်လိုဆိုင်အသစ်ဖွင့်တယ် ဆိုပြီး ပြောဆိုဆူညံနေတဲ့ မိန်းကလေးအုပ်စု။ထိုပဲများနေတဲ့အုပ်စုကို မေးလေးလက်ထောက်ကာ မဖွင့်တဖွင့်မျက်လုံးနဲ့ ကြည့်နေတဲ့ ယွန်ဂီက ထပြောလာသည်။

"ဒီပုံက ဒီပုံပဲကို"

"ရား မင်ယွန်ဂီ ရန်စတာလား"

"အိုး မစရဲပါဘူး"

"ငါတို့အတန်ထဲက ကောင်တွေကလေ စာပဲသိတယ် အထူးသဖြင့် နင်တို့ နင်တို့"

မှန်လေးကိုင်ကာ နှုတ်ခမ်းနီဆိုးနေတဲ့ အွန်ဟီးက ဂျောင်ဂုတို့၊နမ်ဂျွန်တို့ဖက် လက်ညိုးလေးထိုးကာ ပြောလာတော့ နမ်ဂျွန်ကပြန်ပြောလိုက်တယ်။

"ဒီမှာ ကလေးမတွေ အလှအပဆိုတာ တခနပါပဲ သေလို့ရှိရင် ဘယ်လောက်လှလှ အကုန်ပုတ်ကုန်တာကြီးပဲ အဲ့တော့ အသေကောင်းအောင် ဘုရားတရားလေးလည်း လုပ်ကြ..."

"အမလေး တင့်ပါ ဘုရား တကယ်ထဲ ဘုန်ကြီးလောင်းလျာနဲ့ လာတွေ့နေတယ်"

"ဟားးး"

"ငါမပါဘူးနော် ငါလည်း စာကလွဲပြီး တခြားသိတဲ့ဟာ ရှိတယ်"

"ဘာလဲ အခန်း ၃ က ထယ်ယောင်းလား ဟားး"

ထိုမိန်းကလေးအုပ်စုမှာ ဂျောင်ဂုကိုပြန်စကာ အသံကျယ်ကြီးတွေနဲ့ ရယ်နေပြန်သည်။ဒါကို ဟိုဆော့အပြင် တခြား ယောင်္ကျားလေး တွေကပါ ထောက်ခံကာ ဂျောင်ဂုကို ဝိုင်းစနေကြသည်။

First Love》JkV》{Complete}Where stories live. Discover now