🌼8🌼(U+Z)✔️

535 22 1
                                    

(Unicode)
.
.
.
.
.

ကျောင်းထဲစဝင်လာထဲက လမ်းလျှောက်လာတဲ့တလျှောက်လုံး တယောက်ယောက်ကစိုက်ကြည့်နေသလိုခံစားရတာကြောင့် ထယ်ယောင်းမသိမသာလေး လိုက်ကြည့်မိသည်။ဒါမဲ့ကိုယ့်ကိုကြည့်နေတဲ့သူတွေကလည်းအများသားဆိုတော့ ထယ်ယောင်းလည်း ခပ်တည်တည်သာလျှောက်လာခဲ့လိုက်သည်။အခန်းထဲရောက်တော့ ဂျီမင်ကရောက်နှင့်နေပြီး။
ဂျီမင်မှာ သူ့ကိုမြင်တာနဲ့ စပြောလာသည်။

"ထယ်ယောင်း မြန်မြန်လာထိုင်"

"ဘာလို့လဲ"

သူလည်းလွယ်အိတ်ကိုခုံမှာချိတ်ကာ ဝင်ထိုင်ရင်းပြန်မေးလိုက်သည်။

"ဒီမှာကြည့်"

ဂျီမင်က စာပွဲအောက်ပုံထဲကို ထိုးပြလာတာကြောင့် ထယ်ယောင်းလည်းကြည့်မိလိုက်သည်။

နှင်းဆီပန်းတပွင့်နဲ့ စာလေးတစောင်...။

"အဲဒါကဘာလဲ"

ထယ်ယောင်းကနားမလည်သလိုလေးပြန်မေးလာတာကြောင့် ဂျီမင်မှာ တကယ်မသိဘူးလား ဆိုတဲ့အကြည့်နဲ့ပြန်ကြည့်လာတယ်။

နေပါဦး ကင်မ်ထယ်ယောင်း တကယ်ပဲမသိဘူးလား။နှင်းဆီပန်းနဲ့ စာ မြင်မှတော့ ဘယ်သူမဆို ရည်းစားစာမှန်းသ်ိတယ်လေး။
ဒီကောင် တခါမှ စာအပေးမခံရဘူးလား။

"မသိဘူးလား အဲ့ဒါ ရည်းစားစာ"

"ရည်းစားစာ"

ဂျီမင်‌ပြောလိုက်တာကို ထယ်ယောင်းမှာ အူ‌ကြောင်ကြောင်နဲ့ လိုက်ပြောလာပြန်သည်။ဂျီမင်လည်းပြန်ဖြေလိုက်သည်။

"ဟုတ်တယ်လေး"

"အော ဘယ်သူ့ဟာလဲ"

ဂျီမင်ဆွံ့အရပြန်သည်။

သူထိုင်တဲ့ စာပွဲအောက်လာထားမှတော့ သူ့ကိုပေးတာပေါ့လို့...။

"မင်းဟာလေး"

"ငါ့ဟာ"

ထယ်ယောင်းမှာ သူကိုယ်သူလက်ညိုးထိုကာ လိုက်ပြောလာပြန်သည်။

"အေ မင်းကိုပေးတာ ဖတ်ကြည့်"

"မဖတ်ရဲပါဘူး"

ထယ်ယောင်းပြန်ပြောလာတဲ့ "မဖတ်ရဲပါဘူး"ဆိုတဲ့ စကားကြောင့် ဂျီမင်ရယ်ချင်သွားသည်။

First Love》JkV》{Complete}Where stories live. Discover now