🌼20🌼(U+Z)

547 17 1
                                    

(Unicode)
.
.
.
.
.

အထုတ်အပိုးကိုယ်ဆီဖြင့် အ​ဝေး​ပြေးကားဂိတ်​သို့ ​ရောက်လာကြသည့် ​ဆော့ဂျင်ဦးဆောင်သည့် က​လေးအုပ်စု။ကားထွက်မည့်အချိန်ကို ထိုင်​​စောင့်နေကြသည်။ညီဖြစ်သူရဲ့ ​နောက်ကိုလိုက်သွားကြမည့် မြို့သားလူ​ချောအုပ်စုကို ​ဆော့ဂျင်အ​နေနဲ့သိပ့်ပြီးစိတ်မချ။ဘာလို့ဆို ညီဖြစ်သူ ကင်မ်အငယ်​ကောင်က အရမ်း​မေ့တတ်လို့ပင်။ဟိုနားထိုင်လိုက်လည်း​မေ့။ဒီနားထိုင်လိုက်လည်း​မေ့နဲ့။မ​တော် ထသွားလို့ သူ့သူငယ်ချင်း​တွေကို​မေ့သွားမှ ဟိုအုပ်စုက ​ယောင်​ပေ​ပေနဲ့ကျန်ခဲ့ဦးမည်။သို့​သော်လည်း ထိုအုပ်စုက ညီဖြစ်သူနားက​နေမခွာပဲ ​နေတာ​​ကြောင့် သိပ့်​တော့လည်း မပူရပါဘူး​လေး။
​ဆော့ဂျင်က သတိအရမ်း​မေ့တတ်သည့် ညီငယ်အား ကား​ပေါ်က ဆင်းလျှင် အထုတ်စစ်ဖို့ သတိ​ပေးမှာကြား​နေသည်။

"ထယ်​​လေး ကား​ပေါ်ကဆင်းရင်အထုတ်စစ်​နော် သတိကအရမ်း​မေ့တတ်တာနဲ့ သယ်လိုက်တဲ့အထုတ်ကလည်း မနဲမ​နော ​ကျောပိုးအိတ်နဲ့ဆို ​လေးခုဖြစ်​​နေပြီး"

"အိတ်က​သေးတာကို"

"ဒါက​သေး ​သေးတယ်​ပေါ့ ​နောက်တခါဒီထက်ကြီးတဲ့အိတ် ငါဝယ်​ပေးမယ် ငါ​​ပြောတာ ကြားလား ကား​ပေါ်ကဆင်းတဲ့အခါ ပစ္စည်း​သေချာစစ်"

အစ်ကိုဖြစ်သူရဲ့ အထပ်ထပ်ရစ်​နေတဲ့စကား​​ကြောင့် ထယ်​ယောင်းနားပူလာရသည်။

"​ကိုကြီးရယ် အိမ်ကထွက်လာထဲက ဒီစကားပဲ​​ပြော​နေတာ ​ကျ​နော်​မေ့ချင်ရင်​တောင် မ​မေ့​တော့ဘူး ကိုကြီးအသံကို နားထဲစွဲ​နေလို့"

​ထယ်​ယောင့်စကား​ကြောင့် ​ဆော့ဂျင်က မျက်နှာကို အနဲငယ်မဲ့လိုက်ပြီး...

"အိမ်ပြန်​ရောက်ရင်လည်း ငါ့ဆီဖုန်းပြန်ဆက်ဦး"

"အဲ​လောက်စိတ်ပူမ​နေနဲ့ ကျ​နော်က အိမ်ပြန်မှာ နိုင်ငံခြားသွားမှာမဟုတ်ဘူး ပြီး​တော့ သူငယ်ချင်း​တွေလည်းပါတယ်"

"​မင်းကငါ့ညီ​လေးမို့လို့ စိတ်ပူရတာ​​လေး"

"ဟုတ်ကဲ့ ခုလို တကူးတကလိုက်ပို့​ပေးတဲ့တွက်​ကျေးဇူးတင်ပါတယ်ခင်ဗျား"

First Love》JkV》{Complete}Kde žijí příběhy. Začni objevovat