(Unicode)
.
.
.
.
."ကိုကို ရေ ကိုကို ထတော့"
ထယ်ယောင်း သူ့အခန်းပြင်ကနေ အော်ခေါ်နေသည့် ညီမဖြစ်သူကြောင့် အိပ်ရာမှနိုးလာခဲ့သည်။အိပ်မှုံစုံပွားနဲ့ ထထိုင်လိုက်ကာ တချက်သန်းလိုက်ပြီး ဘေးနားကို ကြည့်လိုက်တော့ ပါးစပ်လေးဟကာ အသေကောင်လိုအိပ်နေသည့် ဂျီမင်ကို တွေ့လိုက်ရသည်။သူ့ညီမလေးရဲ့ ပြဲလန်နေတဲ့အသံကတောင် ဂျီမင်ကိုနိုးအောင် မစွမ်းဆောင်နိုင်ပါလား။
ထယ်ယောင်းလည်း သူ့သူငယ်ချင်းလေး ကန်ထုတ်ထားသည့် စောင်ကိုဆွဲယူကာ ခြုံပေးလိုက်ပြီး အခန်းပြင်သို့ ထထွက်လာခဲ့သည်။အခန်းတံခါးဆွဲဖွင့်လိုက်သည့်နှင့် ထပ်အော်ဖို့ လုပ်နေသည့် အငယ်မအား တိုးတိုးနေရန်အချက်ပြလိုက်သည်။"ရူး တိုးတိုး ဧည့်သည်တွေနိုးကုန်လိမ့်မယ်"
ဟွန်းလေးလည်း ထပ်မအော်တော့ပဲ သူ့အစ်လက်ကိုဆွဲကာ ထွက်လာခဲ့တော့သည်။
မောင်နှမနှစ်ယောက် မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အမေဖြစ်သူပြင်ပေးထားသည့်မနက်စာကို အတူတူထိုင်စားနေကြသည်။ဟွန်းလေးမှာ ကြက်ဥလိပ့်ကို တူနဲ့ညှပ်ယူလိုက်ရင်းမှ အစ်ကိုဖြစ်သူကို စကားပြောလာသည်။"ကိုကို"
"အွန်း"
"ဟိုကိုကို က မနိုးသေးဘူးလား"
"ဘယ် ကိုကိုတုန်း"
ထယ်ယောင်းမှာ သူ့ညီမစကားကြောင့် အနဲငယ်ကြောင်သွားလေသည်။ဟွန်းလေးမှာလည်း ထမင်းစားနေရင်းမှ ပြန်ပြောလိုက်သည်။
"မနေ့ကလေး ဟွန်းလေးကို ပြုံးပြပြီးနာမည် မေးတဲ့တယောက်လေး နာမည်မေ့သွားလို့"
"အော ဟိုဆော့လား"
"ဟုတ်တယ် ဟုတ်တယ်"
"မနိုးသေးဘူးလေး"
"ကိုကိုဟိုဆော့က အရမ်းချောတာပဲနော် ဟီးဟီး"
ထယ်ယောင်း တဟီးဟီးလုပ်နေတဲ့ ညီမဖြစ်သူကို ပြုံးကြည့်လိုက်ပြီး...
"ဟွန်းလေးက ဟိုဆော့ကို သဘောကျလို့လား"
ဟွန်းလေးလည်းအပြုံးလေးနဲ့အတူ သူ့အစ်ကို စကားကို ခေါင်းအမြန်ညိတ်ကာ ပြန်ဖြေလိုက်သည်။
ESTÁS LEYENDO
First Love》JkV》{Complete}
RomanceUnicode + Zawgyi J 💜 V #taekookfic #kookvfic #Myanmar funny , romance ♡start date 23.10.22 ♡end date 13.12.23 🍜 ဤ fic သည် စာရေးသူ၏ စိတ်ကူးယဉ်အတွေးများကို ဖန်တီးပုံဖော်ထားခြင်းသာဖြစ်သည်။ပထမဆုံးရေးဖူးတဲ့ fiction ပါ။ဝင်ဖတ်မယ်ဆိုရင်တော့ အမှားတွေအမျ...