(Unicode)
လမ်းမပေါ်တွင် သွားလာနေကြတဲ့ ကားများ၊ဆိုင်ကယ်များ နှင့် အလုပ်သို့သွားနေကြသော လမ်းသွားလမ်းလာများ ကျောင်းသား၊သူများဖြင့်စည်ကားနေသည်။ထိုထဲတွင် စက်ဘီးဖြင့် ကျောင်းသို့ဦးတည်ကာ သွားနေကြသော ကင်မ်ညီအကိုနှစ်ယောက်လည်းပါသည်။ကင်မ်အငယ်ကောင်ကတော့ စက်ဘီးနောက်တွင်ထိုင်ကာ ဂျိုင်းထောက်တကားကားနှင့် စက်ဘီးနောက်ခုံကို လက်တဖက်ထဲဖြင့်ကိုင်းထားရတာကြောင့် ပြုတ်ကျမှာစိုးကာ စက်ဘီးနင်းနေတဲ့ အကိုဖြစ်သူကို ပါးစပ်က ပွစိပွစိပြောနေသည်။
"ဖြည်းဖြည်းနင်းလေး ဒီမှာပြုတ်ကျတော့မယ်"
"ကိုင်ထားလေး လက်မပါဘူးလား"
"တဖက်က မအားဘူး တဖက်ထဲနဲ့ဆွဲထားရတာ ဖြည်းဖြည်းနင်းလို့"
"ဖြည်းနေတာပဲ"
အကွေ့နေရာတွေဆို ထယ်ယောင်းလေး ရင်ထဲအသဲထဲအေးရသည်။မတော်လို့ ချော်လှဲမှဖြင့် မကောင်းရတဲ့ကြားထဲ ထပ်ကျိုးသွားရင် ဒုက္ခ။သူများနောက် စက်ဘီးလိုက်စီးရတာ သိပ်ကြောက်ဖို့ကောင်းပါတယ်။ကိုယ်ပါကိုယ်နင်းရင်တော့ ကိစ္စမရှိဘူး။ဒီလိုမှန်းသိရင် ဂျီမင်ကို လာခေါ်ခိုင်းလိုက်ပါတယ်။အားနာလို့သာ။
ညီအကိုနှစ်ယောက် ပြောရင်းဆိုရင်း ကျောင်းသို့ ရောက်လာတော့သည်။ကျောင်းရှေ့ရောက်တော့ ဂျီမင်က တကယ်ပဲ သူ့ကိုစောင့်နေရှာသည်။သူ့သူငယ်ချင်းလေးကတအားချစ်ဖို့ကောင်းတာပဲ။
"ထယ်ယောင်းရာ ငါလာခေါ်ပါမယ်ဆိုတာကို အခုတော့ကြည့် စက်ဘီးကြီးနဲ့ မတော်လို့ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ"
"ဟုတ်တယ် ငါ့မှာလေး လမ်းတလျှောက်လုံး ဘုရားတပြီးစီးလာရတာ"
ဂျီမင်က ပြောနေရင် ထယ်ယောင်းကို သွားကူတွဲလိုက်သည်။
ဆော့ဂျင်မှာ ဂျီမင်စကားကြောင့် နှုတ်ခမ်းတဖက်ရွဲ့သွားကာ ပြောလာသည်။"အမလေး စက်ဘီးနင်းလာတာ သူ့အကိုပါနော် ပြုတ်ကျအောင်လုပ်မလား တကယ်ပါပဲ သူငယ်ချင်းနှစ်ယောက် လိုက်လည်း လိုက်တယ်"
"ဟီးဟီး ကျနော်က အဲလိုသဘောပြောတာမဟုတ်ပါဘူး"
"ကဲ့ ဒါဆို ငါသွားတော့မယ် ရော့ထီးကျန်သေးတယ် အထဲဝင်ကြတော့ ဂျီမင်လေး ထယ်ယောင်းကို ဂရုစိုက်ပေးပါဦး"
BINABASA MO ANG
First Love》JkV》{Complete}
RomanceUnicode + Zawgyi J 💜 V #taekookfic #kookvfic #Myanmar funny , romance ♡start date 23.10.22 ♡end date 13.12.23 🍜 ဤ fic သည် စာရေးသူ၏ စိတ်ကူးယဉ်အတွေးများကို ဖန်တီးပုံဖော်ထားခြင်းသာဖြစ်သည်။ပထမဆုံးရေးဖူးတဲ့ fiction ပါ။ဝင်ဖတ်မယ်ဆိုရင်တော့ အမှားတွေအမျ...