၃ နှစ်ကြာပြီးနောက်...
ဒီနေ့ ထယ်ယောင်းတို့အထက်တန်းဘွဲ့ယူမည်နေမို့ ကျောင်းဝန်းထဲ၌ မိဘများနှင့် ကျောင်းသူ/သားတွေက အများအပြားရောက်ရှိနေကြသည်။ထယ်ယောင်းဆိုလည်း သူ့အကိုပေးတဲ့ ပန်းစည်းလေးကိုင်ကာ အကိုဖြစ်သူနဲ့ဓါတ်ပုံရိုက်ခံနေသည်။မိဘများက အလုပ်မအားသဖြင့် မလာနိုင်သော်လည်း ဂုဏ်ပြုစကားလေးနှင့်အတူ သူ တက္ကသိုလ်ဘွဲ့ယူတော့မှပဲ မိသားစု စုံစုံလင်လင် လာတော့မည့်ဟု နှစ်သိပ့်စကားလှမ်းပြောကြလေ၏။
ဂျောင်ဂုလည်း သူ့အမေကလာပေးသည်။ဟိုဆော့ကတော့ မိဘများက နိုင်ငံခြားမှာမို့ သူ့အစ်မကပဲလာပေးသည်။နမ်ဂျွန်နဲ့ ယွန်ဂီကတော့ အဖေဖြစ်သူတွေပေါ့။ဂျီမင်ကတော့ အမေရော အဖေရောက်လာ၏။သူတို့မှာက ဒီသားအမိသားအဖလေးသုံးယောက်ရှိတာလေး။
သူတို့တွေလည်း ပန်းစည်လေးကိုင်ကာ ဓါတ်ပုံရိုက်ခံနေကြသည်။သူငယ်ချင်းတွေစုပြီးလည်း ရိုက်ကြသေးတာပေါ့။နှစ်ယောက်တတွဲ။သုံးယောက်တတွဲ။ပတ်ချာလည်ကို တွဲရိုက်ကြတာ။မတည့်သည့် ယွန်ဂီနဲ့ ဂျီမင်ကလည်း ပြုံးရွှင်ကာ ဓါတ်ပုံတွဲရိုက်နေကြသည်။
သူတို့နဲ့ မလှမ်းမကမ်းမှာ ထယ်ယောင်းနဲ့ ဂျောင်ဂုပေါ့။ထယ်ယောင်းကို တွဲကာ အမျိုးစုံရိုက်ခံနေသည့်ဂျောင်ဂု။
အခမ်းအနားပြီးတော့ ပြန်ထွက်လာကြရာ သူတို့ခြောက်ယောက်လည်း အထက်တန်းပြီးတဲ့အနေနဲ့ စားကြသောက်ကြဖို့ ပြောဆိုနေကြသည်။ဆော့ဂျင်ကတော့ လွတ်လပ်သူမို့ အငယ်တွေနဲ့ပေါင်းကာ ရှေ့ဆုံးကဲဖို့ဆုံးဖြတ်ထားလေသည်။ဂျောင်ဂုက သူအမေကို ကားနားလိုက်ပို့ပေးလိုက်ဦးမယ်ဆိုကာ အမေဖြစ်သူနဲ့ထွက်သွားလေသည်။ဂျီမင်လည်းအစက သူအဖေနဲအမေကို လိုက်ပို့ဖို့ လုပ်သော်လည်း မိဘများက ရတယ် သားသူငယ်ချင်းတွေနဲ့ ပျော်ပျော်နေခဲ့ဟု ပြောလာတာကြောင့် ဂျီမင်လည်း လိုက်မပို့ဖြစ်တော့။သူတို့တွေ ဂျောင်ဂုကို စောင့်နေကြတုန်း တခြားအခန်းက သူငယ်ချင်းတွေနဲ့ ရယ်ရယ်မောမောနှုတ်ဆက်စကားဘာညာပြောနေကြသည်။ထယ်ယောင်းလည်း ဆောင်ဝန်းတို့ ဂျီမင်တို့နဲ့ ရယ်ကာမောကာ စကားပြောနေကြတုန်း
ဒုံးဟွန်းက ထယ်ယောင်းနားရောက်လာကာ ခေါ်လိုက်သည်။
ESTÁS LEYENDO
First Love》JkV》{Complete}
RomanceUnicode + Zawgyi J 💜 V #taekookfic #kookvfic #Myanmar funny , romance ♡start date 23.10.22 ♡end date 13.12.23 🍜 ဤ fic သည် စာရေးသူ၏ စိတ်ကူးယဉ်အတွေးများကို ဖန်တီးပုံဖော်ထားခြင်းသာဖြစ်သည်။ပထမဆုံးရေးဖူးတဲ့ fiction ပါ။ဝင်ဖတ်မယ်ဆိုရင်တော့ အမှားတွေအမျ...