🌼7🌼(U+Z)✔️

605 21 1
                                    

(Unicode)
.
.
.
.
.

ထယ်ယောင်းတယောက် အိမ်မှာပဲ အိပ်လိုက်စားလိုက် ဂိမ်းဆော့လိုက် TV ကြည့်လိုက်လုပ်နေသည်။သူ့အစ်ကိုနဲ့ အမေလည်း အိမ်မှာပင် ရှိနေသည်။‌နေ့ လယ်စာ စားပြီး သားအမိသုံးယောက် ဧည့်ခံမှာထိုင်ကာ အသီးလေးစားရင်း TV ကြည့်နေကြရင်းမှ ကင်မ်မေမေက ပြောလာသည်။

"သား တနင်္လာနေ့ကျရင် မေမေ ပြန်တော့မယ်နော် ဟိုမှာကလည်း သားညီမလေးနဲ့ သားဖေဖေ နှစ်ယောက်ထဲဆိုတော့ အဆင်မပြေမှာစိုးတယ် ဒီမှာက သားအကိုလည်းရှိတော့ သားလေး ကျန်ခဲ့လို့အဆင်ပြေတယ်မလား"

"အဆင်ပြေပါတယ် မေမေ မပူနဲ့ စိတ်ချလက်ချသာပြန် "

"အမေ့သားကို စိတ်ချလက်ချထားသွား ထယ်ယောင်းက လိမ္မာပါတယ် အဆိုးကြီးမှမဟုတ်တာ ပြီးတော့ သူတယောက်ထဲမှမဟုတ်တာ သားလည်းရှိတာပဲကို"

ထယ်ယောင်းပြန်ဖြေတော့ ဆော့ဂျင်လည်း
သူ့အမေကို အလတ်ကောင်အား သူ့ဆီစိတ်ချလက်ချထားခဲ့ဖို့ ဝင်ပြောလာသည်။ကင်မ်မေမေလည်း သားတွေစကားကြားတော့မှ စိတ်အေးရတော့သည်။

"ဟုတ်ပါပြီး ဒါပေမဲ့ နှစ်ယောက်လုံးကို မှာထားရဦးမယ် ယောက်ျားလေး‌တွေကြီးပဲဆိုပြီး အပြင်မှာချည်း စားမနေကြနဲ့ဦးနော် တခါတလေလည်း အိမ်မှာချက်စားကြပေါ့ သားငယ်က သိပ့်မချက်တတ်ပေမဲ့ သားကြီးက ချက်တတ်တာပဲ ဒီလို ပိတ်ရက်‌တွေဆို အတူချက်စားကြပေါ့"

"ဟုတ်ကဲ့ပါ"

ဒီလိုပါပဲ လူကြီးရှေ့ဆိုတော့လည်း လိမ္မာပြရတာပေါ့။နောက်မှ အပြင်ထွက်စားစား အိမ်မှာပဲစားစား ဟိုနယ်က အိမ်ကနေလှမ်းမြင်ရတာမှတ်လို့။ဖုန်းဆက်မေးတော့လည်း ညာတာပါတေးရွီးရွမ်းလိုက်ရုံပဲ။

ညနေလဲစောင်းနေပြီးဆိုတော့ ကင်မ်မေမေလည်း ညနေစာ ချက်ပြုတ်ပြင်ဆင်ဖို့ မီးဖိုချောင်ဆီ ဝင်သွားတော့သည်။ ထယ်ယောင်းကတော့ သူ့အမေကိုကူလုပ်မယ်ဆိုပြီးလိုက်ဝင်သွားလေရဲ့။ဆော့ဂျင်ကတော့ ဧည့်ခန်းမှာပင် ဆက်နေကာ ဂိမ်းထိုင်ဆော့နေသည်။ အလုပ်ပိတ်တုန်း ကျောင်းပိတ်တုန်း တခါတလေလေးဆော့ရတာ။

First Love》JkV》{Complete}Where stories live. Discover now