🌼10🌼(U+Z)

477 18 1
                                    

(Unicode)

ကုတင်ပေါ်တွင် ပတ်တီဖြူဖြူဖြင့်ပတ်ထားတဲ့ ခြေထောက်ဖြူဖြူလေးတဖက်က ဖက်လုံးပေါ်တင်ထားလျက်။
ခေါင်းအုံးနှစ်လုံးကိုဆင့်ကာ ကုတင်ခေါင်းရင်းနဲ့မှီထားပြီး ထိုခေါင်းအုံးကို ကျောမှီကာ ဖုန်းဖြင့် ကာတွန့်ကားထိုင်ကြည့်နေတဲ့ ထယ်ယောင်းလေး။ကာတွန့်ကားကြည့်လိုက် ရယ်လိုက် မုန့်စားလိုက်နဲ့ တယောက်ထဲသာယာနေသည်။
ထိုစဉ် အခန်းတံခါး‌ဖွင့်သံနဲ့အတူ သူ့အကိုရဲ့ အသံကိုကြားလိုက်ရသည်။

"ကဲ့ ကိုယ်နုနယ်လေး ထအစားစာပြီး ဆေးသောက် ပြီးရင်းဆေးလိမ်းဦး တကယ်ပါပဲ ကိုယ့်ခြေထောက်ကိုယ် ချိုးရတယ်လို့"

ဆော့ဂျင်မှာ ဗန်းလေးကိုင်ကာ ထယ်ယောင်းအခန်းထဲဝင်လာသည်။ညီတော်မောင်က ခြေထောက်နာနေလို့ အောက်ဆင်းမစားနိုင်ကြောင်းပြောလာသဖြင့် သူ့မှာ ကိုယ်နုနယ်လေးစားဖို့ လာပို့ရခြင်း။
အမေကလည်း သူ့သားငယ်ချော်လဲလို့ ခြေဆစ်လွဲတယ်လည်းကြားရော နောက်နေ့ချက်ချင်းရောက်လာတော့သည်။
အခုလည်း သူ့သားလေးကို ဟင်းကောင်းတွေ ချက်ကျွေးဖို့ဆိုပြီး ဈေးသွားလေရဲ့။
အခန်းထဲရောက်တော့ ကိုယ်တော်လေးက မုန့်စားရင်း ဖုန်းတလုံးနဲ့ သာယာနေတာမြင်ရတာကြောင့် ဆော့ဂျင်လေး မျက်နှာမဲ့သွားရသည်။
*ဒါလား ခြေထောက်နာတာ*

ထယ်ယောင်းမှာ သူ့အကိုစကားကြောင့် မုန့်စားနေရာမှ ပြန်ပြောလိုက်သည်။

"ကိုကြီးနော် ကိုယ့်ခြေထောက်ကိုယ် ချိုးတယ်လို့ရှိမလား ပြီးတော့ကျိုးသွားတာလည်းမဟုတ်ပဲနဲ့"

"တော် မနက်စောစောစီးစီး မုန့်တွေစားနေပြန်ပြီး ကိုယ်ရောပူသေးလား"

ဆော့ဂျင်မှာပြောနေရင်း လက်ထဲကဗန်းကို စာပွဲပေါ်တင်လိုက်ပြီး ထယ်ယောင်းနဖူးပေါ်လက်တင်ကာ စမ်းကြည့်လိုက်သည်။အဖျားကတော့ ကျသွားပါပြီး။

"ကိုယ်ကမပူတော့ပေမဲ့ ခြေထောက်ရော နာသေးလား ငါကြည့်တာတော့ အယောင်ကျပြီးထင်တယ်"

First Love》JkV》{Complete}Tempat cerita menjadi hidup. Temukan sekarang