Unicode
.
.
.
.
.
နှစ်တွေလတွေအလီလီပြောင်းလို့ လူတွေကလည်း အကုန်ပြောင်းလဲကုန်ကြပါပြီး။
အခုဆို ညီမလေးဖြစ်သူ ကင်မ်ဆိုဟွန်းနဲ့ သူငယ်ချင်းဖြစ်သူ ဂျောင်ဟိုဆော့တို့ မဂ်လာဆောင်မည့်နေ့ဖြစ်သောကြောင့် အကုန်လုံးက ပြုံးပျော်နေကြလေသည်။ညီမဖြစ်သူ ဆိုဟွန်းလေးကတော့ ငယ်ငယ်ထဲက ကြိုက်လာခဲ့ရတဲ့သူကို လက်ဝယ်ပိုင်ဆိုင်ရဖို့ နာရီပိုင်သာလိုတော့။အစ်ကို ဆော့ဂျင်ဆိုလည်း မိန်းမရလို့ ကလေးနှစ်ယောက်တောင်ရနေပြီး။နမ်ဂျွန်ဆိုလည်း သူ့ကောင်မလေးနဲ့။မပြောင်းလဲတာဆိုလို့ သူရယ် ၊ယွန်ဂီရယ် ၊ဂျီမင်ရယ်ပဲဖြစ်လေသည်။
သူကရော ခုဆိုပြောင်းလဲနေပြီးလား။တူလေး၊တူမလေး နှစ်ယောက်နဲ့ ထိုင်ဆော့ပေးနေတုန်း ဂျီမင်က သူအားလာပြောလေ၏။"ထယ်ယောင်း မိသားစုဓါတ်ပုံရိုက်ဖို့တဲ့ မင်းကိုခေါ်နေပြီး"
"အေအေ ငါလာပြီး ကဲ့ ကလေးနှစ်ယောက် ဦးတို့ တီတီလေးတို့နဲ့ ဓါတ်ပုံသွားရိုက်ရအောင်"
ထယ်ယောင်လည်း ကလေးနှစ်ယောက်ကိုခေါ်ကာ ဓါတ်ပုံရိုက်မည်နေရာသို့သွားလိုက်လေ၏။သတို့သားအခန်းရှေ့က ဖြတ်အလျှောက် စကားပြောသံသဲသဲကို ကြားလိုက်ရတာကြောင့် ထယ်ယောင့်ခြေလှမ်းတို့ ရပ်တန့်သွားလေ၏။
'ငါက မင်းမလာဘူးတောင် ထင်နေတာ'
'မလာလို့ရမလား ငါ့အချစ်ဆုံးသူငယ်ချင်းပဲကို ဆိုဟွန်းက တော်သားပဲ မင်းကိုအရယူနိုင်တာ ဟဟား'
'ငါလည်းမသိတော့ပါဘူးကွာ ဘယ်လိုကနေဘယ်လိုကြိုက်မိသွားမှန်းမသိဘူး ဘာပဲဖြစ်ဖြစ် မင်းလာလို့ ဝမ်းသားတယ် ဟျောင့် ညကျ ငါတို့သူငယ်ချင်းတွေ စုပြီးသောက်ကြရအောင်'
'ဒါပေါ့ သောက်ရမှာပေါ့'
*ဒီအသံကို ငါကြားဖူးတယ်*
အတွေးနဲ့အတူ တံခါးဆီ လက်လှမ်းဖို့အလုပ်...
"ဦးထယ် သွားမယ်လေး"
တူမလေးက သူ့လက်ကိုဆွဲလှုပ်လာတာကြောင့် သူလည်း ဆိုဟွန်းအခန်းဆီ ဦးတည်လိုက်လေသည်။ဓါတ်ပုံဘာညာရိုက်ပြီးနောက် သူလည်း ဟိုဆော့အခန်းဆီပြန်သွားလေ၏။သို့သော်အခန်းထဲ၌ ဟိုဆော့နဲ့ နမ်ဂျွန်တို့နှစ်ယောက်ရှိလေသည်။သူလည်း စကားနဲနဲပါးပြောပြီးနောက် ပြန်ထွက်လာခဲ့လေသည်။
သူပါသူ နားကြားမှာတာနေမှာပါ။သူ ဒီနေရာမှာ ရှိနေစရာ အကြောင်မှမရှိတာပဲ။
YOU ARE READING
First Love》JkV》{Complete}
RomanceUnicode + Zawgyi J 💜 V #taekookfic #kookvfic #Myanmar funny , romance ♡start date 23.10.22 ♡end date 13.12.23 🍜 ဤ fic သည် စာရေးသူ၏ စိတ်ကူးယဉ်အတွေးများကို ဖန်တီးပုံဖော်ထားခြင်းသာဖြစ်သည်။ပထမဆုံးရေးဖူးတဲ့ fiction ပါ။ဝင်ဖတ်မယ်ဆိုရင်တော့ အမှားတွေအမျ...