(Unicode)
.
.
.
.
.ယွန်ဂီ အိမ်ထဲရောက်ရောက်ချင်း ဧည့်ခန်းမှာထိုင်နေတဲ့ သူ့အဖေကိုမြင်လိုက်ရသည်။ဒါအပြင် သူ့မိထွေးနဲ့သူရဲ့သွေးမတော်သားမစပ် ညီလေးကိုပါတဆက်ထဲမြင်လိုက်ရ၏။အဖေဖြစ်သူကို နှုတ်ဆက်လိုက်ရမလား လို့တွေးနေတုန်းမှာပဲ မင်နမ်အီက သားဖြစ်သူအားတွေ့လိုက်ရတာကြောင့် အရင်ဆုံး ပြုံးပြလာပြီး စကားစပြောလာသည်။
"သား ကျောင်းက ပြန်ရောက်ပြီးလား"
ယွန်ဂီက ဧည့်ခန်းကိုလှမ်းကြည့်ပြီး မတ်တပ်ရပ်နေရာမှ အဖေဖြစ်သူက စကားပြောလာတာကြောင့် သူလည်း အပေါ်တက်ဖို့ လှေကားထစ်တွေဆီလျှောက်လိုက်ရင်းပြန်မေးလာသည်။
"ဘယ်တုန်းကပြန်ရောက်တာလည်း"
ဖခင်ဖြစ်သူကတော့ သူမေးတာကိုမဖြေပဲ ပြန်မေးလာတဲ့ သားကို ပြုံးပြုံးလေးနဲ့ပဲ ပြန်ပြောလာသည်။
"ဒီမနက်လေးတင်ပဲ သားအတွက် လက်ဆောင်တွေဝယ်လာတယ် သားသူငယ်ချင်းတွေအတွက်ရောပဲ"
ယွန်ဂီကတော့ အင်းမလုပ် အဲ့မလုပ်နဲ့ သူအပေါ်တက်တော့မည်ကိုသာပြန်ပြောလာ၏။
"ကျနော်အပေါ်တက်တော့မယ်"
"အေအေ"
ယွန်ဂီ အပေါ်တက်ဖို့လှေကားပေါ်ခြေလှမ်းပြီးမှ
ခနပြန်ရပ်ကာ လှည့်မကြည့်ပဲနဲ့ ပြောလာသည်။"အဖေလည်း နားလိုက်ပါဦး"
ထိုမျှသာပြောပြီး အပေါ်တက်သွားတော့သည်။
မင်နမ်အီ ကတော့ သားဖြစ်သူရဲ့ စကားကို အပြုံးလေးနဲ့အတူ ခေါင်းညိတ်ဖြေလိုက်၏။သူနဲ့ သားဖြစ်သူ အနေစိမ်းသွားရတာကလည်း သူနောက်မိန်းမ ယူလိုက်တာကြောင့်ပင်။တော်သေးတာက သူ့ရဲ့ဒုတိယမိန်းမက သူ့သားလေးအပေါ်နားလည်းပေးလို့ သိပ်တော့ စိတ်မညစ်ရပါ။သားကလည်း သူနဲ့ သူစိမ်းဆန်သွားတာကလွဲ သူ့နောက်မိန်းမကို ရန်ရှာတာမျိုးလည်းမရှိပဲ ခပ်ကင်းကင်းသာနေသည်။ဒုတိယ မိန်းမနဲ့ ပါလားတဲ့ သားတယောက်လည်းရှိသည်။သူလည်း မိန်းမဖြစ်သူဆုံးပြီးမှ သူ့ရဲ့ငယ်ချစ်ဦးဖြစ်သူ အိုဆွန်ဟီး နဲ့ ပြန်တွေ့ကြတော့ ဆေးပေးမှီယူ တယောက်ကို တယောက် နားလည်မူ့ ဖေးမမူ့တွေနဲ့ အတူနေသွားကြဖို့ စဉ်းစားကာ လက်ထပ်လိုက်ကြသည်။သားဖြစ်သူအဖော်ရအောင်လည်းပါသည်။သူက အမြဲအလုပ်များနေတဲ့သူဆိုတော့ အိမ်ထဲမှာ သားတယောက်ထဲ ကျန်နေခဲ့ရမှာကိုမလိုလား။အမေအဖြစ်လက်မခံတောင် နောက်မိန်းမနဲ့ ပါလာတဲ့ ကလေးက သားအတွက် အဖော်ရမယ်လို့တွေးခဲ့မိတာ။ဒါမဲ့ သားက မိထွေးဖြစ်သူနဲ့ရော ပါလာတဲ့ ကလေးနဲ့ပါ ရင်းရင်းနှီးနှီးမနေပဲ သူပါသူ တယောက်ထဲသာ နေသည်။သူနဲ့တောင် ရင်းရင်းနှီးနှီးမနေတော့ပေ။ဘာပဲဖြစ်ဖြစ် သူမိန်းမထပ်ယူလို့ဆိုပြီး ဝုန်းဒိုင်းကြဲကာ အိမ်ပေါ်ကနေဆင်းမသွားတာပဲ တော်လှပြီး။တအိမ်တည်း တူတူနေရင်း တနေ့နေ့တော့ သားက သူ့နဲ့ အရင်လိုပြန်ရင်းနှီးလာမှာပါ။
YOU ARE READING
First Love》JkV》{Complete}
RomanceUnicode + Zawgyi J 💜 V #taekookfic #kookvfic #Myanmar funny , romance ♡start date 23.10.22 ♡end date 13.12.23 🍜 ဤ fic သည် စာရေးသူ၏ စိတ်ကူးယဉ်အတွေးများကို ဖန်တီးပုံဖော်ထားခြင်းသာဖြစ်သည်။ပထမဆုံးရေးဖူးတဲ့ fiction ပါ။ဝင်ဖတ်မယ်ဆိုရင်တော့ အမှားတွေအမျ...