🌼13🌼(U+Z)

436 16 1
                                    

(Unicode)

ထယ်ယောင်းတို့အိမ်ရှေ့ရောက်တော့ ကားကိုရပ်လိုက်သည်။ဂျောင်ဂုကားပေါ်ကဆင်းပြီး ထယ်ယောင်းကို ကားပေါ်မှဆင်းရန် ကူးတွဲပေးလိုက်သည်။
ကင်မ်မေမေက ဧည့်ခန်းမှာထိုင်နေရာ သူတို့ဝင်လာတာမြင်တော့...

"သားလေး ပြန်လာပြီးလား အိုး သားဂျောင်ဂုလေးလည်းပါတာပဲ"

"ဟုတ် ထယ်ယောင်းကိုပြန်လိုက်ပို့တာ"

"အော် ကျေးဇူးပါပဲကွယ်"

ထယ်ယောင်း ဆိုဖာပေါ်ဝင်ထိုင်လိုက်တော့ ဂျောင်ဂုက လွယ်အိတ်ကို ထယ်ယောင်းဘေးနားချပေးလိုက်ရင်း နှုတ်ဆက်လာတယ်။

"ထယ်ယောင်း ဒါဆိုငါပြန်တော့မယ်နော်"

သူခေါင်းသာ ငြိမ့်ပြလိုက်သည်။

"မထိုင်တော့ဘူးလား သား"

"ဟုတ် မထိုင်တော့ဘူးဗျ နောက်ကျနေပြီးမို့ ပြန်လိုက်ပါဦးမယ်"

"အေးအေး ဂရုစိုက်ပြန်နော်"

"ဟုတ်ကဲ့ ထယ်ယောင်း မနက်ကျ ငါလာခေါ်မယ်နော်"

"အင်း"

"သွားလိုက်ပါဦးမယ် အန်တီ"

"အေးအေး"

ဂျောင်ဂု သူ့ကိုပြုံးပြကာ လှည့်ထွက်သွားသည်ထိသူဘာမှမ‌ေပြာမိ။"ဂရုစိုက်ပြန်" လို့ ပြောချင်ပေမဲ့ သူမှအဲ့လို လောကဝတ်စကား‌တွေမပြောတတ်တာ။သူကိုယ်တိုင်မောင်းပြန်တာဆိုရင်တော့ တမျိုးပေါ့။ကောင်းကောင်းပြန်လို့ ပြောရအောင်လည်း တယောက်တည်း လမ်းလျှောက်ပြန်တာမဟုတ်။ဒါရိုက်ဘာမောင်းတဲ့ကားပေါ် စီးသွားတာလေး။အဲ့တော့ ဘာမှမပြောတာပဲကောင်းပါတယ်။ပြီးတော့ ကိုယ်နဲ့ အရမ်းကြီး ရင်းနှီးတာမဟုတ်တော့ ဖော်ဖော်ရွေရွေ စကားပြောဖို့ ဝန်လည်းလေးသလို ရှက်တာလည်းပါသည်။

.....

ထမင်းစားခန်းတွင် သားအမိသုံးယောက် ညစားအတူစားရာ ကင်မ်မေမေက သူ့သားငယ်လေး အားရပါးရစားနေတာကိုမြင်တော့ ပြုံးကာ မေးမိသည်။

"စားကောင်းလား သားလေး"

"အွန်း ကောင်းတယ် မေမေ့လက်ရာကိုသားအကြိုက်ဆုံးပဲ ဟီးဟီး"

First Love》JkV》{Complete}Donde viven las historias. Descúbrelo ahora