(Unicode)
ဒီနေ့ ရာသီဥတုသာယာတာကြောင့် ကျောင်းသား ကျောင်သူတွေက ဟိုတစု ဒီတစု လမ်းလျှောက်နေကြသည်။အချင်းချင်းစ ကာ ပြေးလွှာနေကြသူများလည်းရှိသည်။
ဂျောင်ဂုကတော့ သူအတွေးနဲ့သူ လမ်းလျှောက်လာရင် သူနာမည်ခေါ်သံကြားရင် သိသိမသိသိ ပြန်ပြုံးပြလိုက်သည်။တချို့ကောင်မလေးတွေက သူကိုမြင်တာနဲ့ ပြေးလွှားနေရာမှ ကိုယ်ရှိန်သတ်ကာ တယောက်နဲ့တယောက် တွတ်ထိုးနေကြသည်။တချို့သော ကောင်လေး၊ကောင်မလေးတွေမှာ သူပြုံးပြလိုက်တာနဲ့ အချင်းချင်းဖက်ကာထအော်ကြတဲ့သူနဲ့။ဂျောင်ဂုကတော့စိတ်မဝင်စားအားပါ။တယောက်သောသူက အတွေးထဲစိုးမိုးနေလျက်။
လူပျိုပေါက်အရွယ်ဂျောင်ဂုလေးဟာ အရင်ကထက် အရပ်လေးပိုရှည်လာကာ ပိုပိုချောလာတာကြောင့် လေးယောက်ထဲတွင် ကောင်လေး၊ကောင်မလေးတွေသဘောကျခြင်းအခံရဆုံး။
အခုလည်း သူ့ရင်ခုန်သံလေး ကျောင်းမလာလို့ ဂျောင်ဂျောင်ဂွတ်တို့ လမ်းလျှောက်နေရင်းတောင်း စဉ်းစားခန်းဝင်နေရသည်။*သူ့ရင်ခုန်သံလေး ကျောင်းမတက်တာ ၄ ရက်ရှိပြီး။ဟိုနေ့ကအပြန်မိုးမိပြီး နေမကောင်းဖြစ်နေတာများလား။မနက်ဖြန်ကျောင်းပိတ်ရင် သူ့အိမ်လိုက်သွားရမလား။
အာား ငါမှသူ့အိမ်ကိုမသိပဲ။အိုး ပတ်ဂျီမင်ဆိုတဲ့တယောက်ကို မေးလို့ရတာပဲ*တယောက်ထဲ မျက်နှာလေးညိုးသွားလိုက် တခါ ပြန်ပြုံးလာလိုက်နဲ့ အတွေးများနဲ့လမ်းလျှောက်လာနေတုန်း သူ့နောက်မှ ကျောင်းဝန်းထဲ ဝင်လာတဲ့ ဟိုဆော့က သူ့ကိုမြင်တော့ လှမ်းခေါ်လိုက်သည်။
"ဂျောင်ဂျောင်ဂွတ်"
သူလည်း ဟိုဆော့ခေါ်သံကြောင့် လမ်းလျှောက်နေရမှ ရပ်ကာ လှည့်ကြည့်လိုက်ရင်း စိတ်မရှည်တဲ့လေသံလေးဖြင့် ပြန်ပြောလိုက်သည်။
"ဂျွန်ဂျောင်ဂု ဂျွန်ဂျောင်ဂု နင့်မေကြီးတော်ကို ဂျောင်ဂျောင်ဂွတ်"
*အဲ့အာဗြဲစိန်က သူ့ကိုခုထိ ဂျောင်ဂွတ်လို့ခေါ်ကောင်းတုန်း သူများနာမည်ကို ဖျက်လိုဖျက်စီး*
YOU ARE READING
First Love》JkV》{Complete}
RomanceUnicode + Zawgyi J 💜 V #taekookfic #kookvfic #Myanmar funny , romance ♡start date 23.10.22 ♡end date 13.12.23 🍜 ဤ fic သည် စာရေးသူ၏ စိတ်ကူးယဉ်အတွေးများကို ဖန်တီးပုံဖော်ထားခြင်းသာဖြစ်သည်။ပထမဆုံးရေးဖူးတဲ့ fiction ပါ။ဝင်ဖတ်မယ်ဆိုရင်တော့ အမှားတွေအမျ...