🌼11🌼(U+Z)

442 17 1
                                    


(Unicode)

ဧည့်ခန်းထဲ၌ TV သံမှလွဲ၍ ဘာသံမှမကြားရ။ ထယ်ယောင်းကတော့ နာ‌နေ
တဲ့‌‌ခြေထောက်ကို ဆိုဖာလက်ရန်ပေါ်တင်ကာ ဘေးတစောင်းထိုင်နေသည်။
ဟိုသုံးယောက်မှာလည်း ခုံပေါ်ငုတ်တုတ်ထိုင်ကာ ဘာပြောရမှန်းမသိ။
ထယ်ယောင်းမှာ TV ရီမုကိုင်ကာ channel တခုပြီးတခုပြောင်းနေသည်။

ထိုနည်းတူ ထယ်ယောင်းနဲ့ မျက်စောင်းထိုးမှာထိုင်နေတဲ့ ဂျောင်ဂုလည်းပဲ တွေးနေလျက်။
*ဂျီမင် ပြောတော့သူ့အကို နဲ့ နှစ်ယောက်ထဲ နေတာဆို အခုသူအမေက ဘယ်လိုလုပ်ပြီးရှိနေတာလဲ*

ဂျီမင်နဲ့ ဟိုဆော့မှာတော့ ဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့ ။
*အိမ်လေးက ချစ်စရာလေး*

ထိုစဉ်မီးဖိုချောင်းမှ အအေးဗန်းသယ်ကာထွက်လာတဲ့ ကင်မ်မေမေရဲ့အသံကြောင့် ဧည့်ခန်းရှိ လေးယောက်မှာ လှုပ်လှုပ်ရွရွဖြစ်လာသည်။

"သားတို့ လိမ္မော်ရည်လေးသောက်ကြ"

ဂျီမင်တို့သုံးယောက်မှာ ကင်မ်မေမေက အအေးဗန်းယူလာကာ ထိုသို့ပြောလာတာကြောင့် ထလိုက်ပြီး အအေးဗန်းကို လှမ်းယူမလို့ဆိုပေမဲ့ သူကိုင်မလိုလို ငါကိုင်မလိုလိုနဲ့ ဗန်းကခုံပေါ်ရောက်သွားပြီးဖြစ်တာကြောင့် ကုန်ကုန်ကွကွနဲ့သာ ကျေးဇူးတင်စကားပြောလိုက်ပြီး ပြန်ထိုင်နေလိုက်ကြသည်။ကင်မ်မေမေမှာ သူတို့အနေရခက်သလိုပုံစံကိုမြင်တော့ ပြုံးကာ...

"သားတို့ ကိုယ့်အိမ်လိုသဘောထားပြီး လွတ်လွတ်လပ်လပ်နေကြနော် သား ထယ်လေးလည်း သူငယ်ချင်းတွေကို စကားလေးဘာလေးပြောလေး သားကဘာမှမပြောပဲ ထိုင်နေတော့ သူတို့အနေရခက်တာပေါ့ အန်တီကတော့ ဟင်းသွားချက်လိုက်ဦးမယ် "

ဆိုကာ မီးဖိုချောင်ထဲပြန်ဝင်သွားသည်။သူ့အမေပြောမှ ထယ်ယောင်းလည်း စကားတခွန်းပြောလာသည်။

"အအေးသောက်ကြလေး"

နောက် စတော်ဘယ်ရီဖျော်ရည်ခွက်ကို သူကအရင်ယူသောက်ပြီး TV ပြန်ကြည့်ပြန်သည်။သူလည်း ဂျီမင်ကို စကားပြောချင်တာပေါ့။သို့သော် ကိုယ်နဲ့ သိပ့်မရင်းနှီးတဲ့နှစ်ကောင်ကြောင့် ဘာပြောလို့ပြောရမှန်းမသိ။ဂျီမင်ကိုတော့ အားနာပါသည်။ ကိုယ့်အိမ်လာလည်းပြီး ကိုယ်ကစကားမပြောတော့ သူလည်းအနေရခက်မှာပေါ့။

First Love》JkV》{Complete}Where stories live. Discover now