🌼23🌼(U+Z)

431 12 1
                                    

ဒီ​နေ့ မြို့ထဲသို့ စက်ဘီးစီးကာ ​လျှောက်လည်ဖို့စဥ်းစားထားသည်။ထယ်​ယောင်းဆီမှာ စက်ဘီးက တစီးထဲရှိတာ​ကြောင့် ​နောက်ထပ်နှစ်စီးကို ငှားလိုက်ကြ၏။နင်းတာက တ​ယောက်တလှည့်စီ​ပေါ့။တ​ယောက်တစီးမငှားတာက ငှားခ​စျေးများလို့။သူ​ဌေးသား​လေး​တွေဆို​ပေမဲ့ အလွန်ကပ်​စေးနည်းကြ​လေ၏။
ထယ်​ယောင်းတို့​နေတဲ့ဘက်က ဥယျာဥ်ခြံ၊စိုက်ပျိုး​မွေးမြူ​ရေး လုပ်ငန်းကို တနိုင်တပိုင်လုပ်နိုင်ကြသည့်​တချို့သာ စု​နေကြသည့်​နေရာမို့ မြို့ထဲနဲ့အနဲငယ်အလှမ်း​ဝေ​လေး​၏။

ဤသို့ဖြင့် နှစ်​ယောက်တတွဲ စက်ဘီးစီးဖို့လုပ်​တော့ ဟို​ဆော့က နမ်ဂျွန်နဲ့ပဲလိုက်မည်ဟု​ပြောပြီး နှစ်​ယောက်သား ​ပြောင်စပ်စပ်လုပ်ကာ အရင်နင်းထွက်သွား​လေသည်။ဒီလိုဆို​တော့ ​ဂျောင်ဂုကထယ်​ယောင်းနဲ့အတူစီးမည်​ပြော​တော့ ယွန်ဂီနဲ့ ဂျီမင်က အလိုလို အတွဲကျသွား​လေ၏။ဂျီမင်က စက်ဘီးကို ​ကိုင်ထားရင်း ယွန်ဂီအား​ပြောလာ၏။

"မင်ယွန်ဂီ မင်း​အရင်နင်း ငါလိုက်စီးမယ်"

ယွန်ဂီက လက်တဖက်ပိုက်ကာ ကျန်လက်တဖက်နဲ့ နှာ​ခေါင်း​လေး ကုတ်ရင်းပြန်​ပြောလာသည်။

"မင်းအရင်နင်း ငါစက်ဘီးနင်းရမှာ ပျင်းတယ်"

ယွန်ဂီစကား​ကြောင့် ဂျီမင် စိတ်မရှည်သလို​လေး သက်ပြင်းချလိုက်ပြီး​ သူပဲ နင်းဖို့ လုပ်ရ​တော့သည်။သ​ကောင်သားက အ​နောက်မှာ ခွထိုင်ကာ သူအကျီ်စအား ဆုတ်ကိုင်ကာ တက်ထိုင်​နေသည်။ဂျီမင်လည်း ​ခေါင်းခါလိုက်ပြီး နင်းထွက်သွား​လေး၏။ဒီလိုနဲ့ ထယ်​ယောင်းလည်း စက်ဘီးကို နင်းသူ​နေရာ တက်ခွလိုက်​တော့ ​ဂျောင်ဂုက ​မေးလာသည်။

"မင်း နင်းဖို့လား ထယ်​ယောင်း"

ထယ်​ယောင်းက စက်ဘီး​ပေါ်ထိုင်ထားရင်း ​ခေါင်းလှည့်ကာ ပြန်​ဖြေလာသည်။

"အွန်း မင်းအရင်လိုက်စီးလေး အပြန်ကျမှ မင်းနင်း​ပေါ့"

​ဂျောင်ဂုလည်း သ​ဘောတူလိုက်ကာ ​နောက်ခုံ​​ပေါ်တက်ခွပြီး ထယ်​ယောင်းခါးကို ကိုင်ဖို့ထိလိုက်ချိန် ထယ်​ယောင်းကရုတ်တရက် စက်ဘီး​ပေါ်က ခုန်ဆင်းသွားကာ ပြာပြာသလဲ​လှည့်ပြောလာသည်။

First Love》JkV》{Complete}Where stories live. Discover now