🌼18🌼(U+Z)

451 13 1
                                    

(Unicode)
.
.
.
.
.

နေ့လယ်ဘက် ကန်းတင်ဝယ် မျက်နှာချင်ဆိုင် ထမင်းထိုင်စားနေပါသော ဂျီမင်လေးနဲ့ ထယ်ယောင်လေး။ထယ်ယောင်းမှာ ဂျီမင်ရဲ့ အိပ်ချင်မူးတူး မျက်နှာဘေးနဲ့ ညိုနေတဲ့ မျက်ကွင်းလေးတွေကိုကြည့်ကာ မေးလာ၏။

"ဂျီမင် မင်းမျက်ကွင်းတွေညိုနေတယ် ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

ဂျီမင်က ထယ်ယောင်း စကားကိုကြားတော့ မချိပြုံးလေးပြုံးကာ ပြန်‌ဖြေလာ၏။

"ငါ့အမေကြောင့်လေး"

"အမ်း"

ထယ်ယောင်းမှာ ဂျီမင်စကားကြောင့် နားမလည်ရဖြစ်သွားလေသည်။

"မင်းအမေက ဘာလုပ်လို့လဲ"

"မသိပါဘူးကွာ ဘာစိတ်ကူးတွေပေါက်ပြီး ဒီလိုထလုပ်နေမှန်းလည်းမသိဘူး ညတိုင်း ငါ့ကို စောင့်ကြည့်ပြီး ညလုံးပေါက် စာလုပ်ခိုင်းနေတယ်ကွ"

"မင်းအိပ်ရေးပျက်မှာပေါ့"

"အိပ်ရေးတော့ အများကြီးမပျက်ပါဘူးကွာ နေ့တိုင်း ညဉ့်နက်မှ အိပ်ရတော့ ဒီမှာကြည့် မင်းမြင်တဲ့အတိုင်းပဲ ငါရဲ့ လှပတဲ့ မျက်လုံးတွေက ညိုကုန်ပြီ ထယ်ယောင်းရဲ့...ငါအမေလက်ကနေ ကယ်နိုင်ရင် ငါ့ကိုကယ်ပေးစမ်းပါကွာ"

"ဟဟ မင်းအဖေကို ကယ်ခိုင်းလေး"

"ငါ့အဖေက သူ့မိန်းမတခွန်းဆို တခွန်းပဲ"

"ဟားးး ငါအမေကျ သူ့ယောကျာ်း တခွန်းဆိုတခွန်းပဲ"

စားရင်းသောက်ရင်း ရယ်ကာမောကာဖြင့် မိဘများအကြောင်း အတင်းထိုင်တုတ်နေပါသော ထယ်ထယ်နဲ့ ဂျီဂျီ။ထိုစဉ် သူတို့ထိုင်နေတဲ့ ခုံမှာ ဝင်ထိုင်လိုက်သည့် ပတ်ဒုံဟွန်း။

"ဘာတွေ ပြောပြီးရယ်နေကြတာလည်း"

ထယ်ယောင်းမှာ ပြုံးရယ်နေရာကနေ မျက်နှာပိုးအမြန်သတ်လိုက်ကာ ခပ်တည်တည်ဖြင့် ထမင်းဆက်စားနေ၏။ဒီ ပတ်ဒုံဟွန်းဆိုတဲ့ ကောင်နဲ့တွေ့ရင် တခုခုကို သူခံစားမိနေသည်။ဘာလဲတော့မပြောတတ်။
ဂျီမင်လည်း လိုတိုရှင်းပြန်ဖြေလိုက်သည်။

"ဒီလိုပါပဲ ဒါနဲ့ မင်းက အခုမှ လာစားတာလား ငါတို့တောင် စားပြီးတော့မယ်"

First Love》JkV》{Complete}Where stories live. Discover now