🌼5🌼(U+Z)✔️

826 19 1
                                    

(Unicode)
.
.
.
.
.

စာသင်ချိန်ပြီးတော့ ဆရာ ထွက်သွားတာကြောင့် အတန်းထဲ၌ ဆူညံလာတော့သည်။စာသင်နေချိန်တွင်လည်း လစ်ရင်လစ်သလို တိုးတိုး တိုးတိုးနဲ့ ပြောလိုက်။အသံတိတ် စာအုပ်ထဲ ရေးပြီး အပြန်အလှန်ပို့ပေးလိုက်နဲ့။အခုလည်း ဆရာထွက်သွားတုန်း ရတဲ့အချိန်လေးမှာ စကားတွေ ပြောနေကြပြန်သည်။သူတို့မှာ ပြောစရာ စကားကလည်းမကုန်နိုင်မခန်းနိုင်။ကိုယ့်အခန်းကိုယ် မနေနိုင်သူများကလည်း ဟိုခန်းဝင် ဒီခန်းကူးနဲ့။

ထယ်ယောင်းနဲ့ ဂျီမင် ကတော့ ဘယ်မှမသွားပဲ သူတို့နေရာ၌သာထိုင်နေကြသည်။ထယ်ယောင်းကတော့ နောက်တချိန်ဝင်သင်မဲ့ ဘာသာကို ထိုင်လုပ်နေသည်။ထယ်ယောင်းက စကားသိပ့်မပြောတော့ အတန်းထဲမှာ သူသိတာ ခင်တာဆိုလို့ ဂျီမင်တယောက်သာရှိသည်။တချို့အတန်းဖော်တွေကို သိပေမဲ့ နာမည်နဲ့ လူနဲ့မတွဲမိပါ။ဂျီမင်က ဘေးနားမှာထိုင်ပြီး ထယ်ယောင်းစာလုပ်နေတာကို ကြည့်နေရင်း...

"ထယ်ထယ် မင်း အရင်ကျောင်းမှာ သူငယ်ချင်းဘယ်နှစ်ယောက်ရှိလဲ"

ထယ်ယောင်းလည်း စာလုပ်နေရင်း ပြန်ဖြေလာသည်။

"နှစ်ယောက်"

"နှစ်ယောက်ထဲလား"

"အွန်း"

"ဘယ်သူတွေလဲ"

"ယွန်ဂျူး နဲ့ ဆူဘင်"

"အော် ငယ်ငယ်ထဲက ခင်ကြတာလား"

"အွန်း"

"ငါမှာလည်း ငယ်ငယ်ထဲကခင်တဲ့ သူငယ်ချင်းတယောက်ရှိတယ် သူက ဟိုဘက်ခန်းမှာ"

"ဟုတ်လား"

"အေ နောက်မှ မိတ်ဆက်ပေးမယ်"

"အွန်း"

"ဂျီမင်နီ"

ဂျီမင် ထယ်ယောင်းနဲ့ စကားပြောနေစဉ် သူ့နာမည်ခေါ်လိုက်သံကြောင့် လှည့်ကြည့်လိုက်တော့ ဟာဆောင်ဝန်။ဂျီမင်မှာ သူ့သူငယ်ချင်လေးကို တွေ့လိုက်တာနဲ့ မျက်လုံးဖောင်းဖောင်းလေးတွေ မှိတ်နေအောင် ပြုံးပြပြီး လက်လေးဆန့်ထုတ်ကာ ကြိုဆိုလိုက်၏။

"သူငယ်ချင်းလေ သတိရနေတာ"

ဆောင်ဝန်လည်း ဂျီမင်ကို ဖက်လိုက်ပြီး ထယ်ယောင်းရှေ့က ခုံမှာ ဝင်ထိုင်လိုက်သည်။ဂျီမင်က သူ့သူငယ်ချင်းကို ပြုံးပြပြီး လက်လေးဖြန့်ပြလိုက်လေသည်။
ဆောင်ဝန်ကလည်း အလိုက်သိစွာ သူ့လက်ထဲက မုန့်ထုတ်လေးကို ဂျီမင်လက်ထဲ ထည့်ပေးလိုက်လေသည်။

First Love》JkV》{Complete}Where stories live. Discover now