(Unicode)
.
.
.
.
.ညနေစာထမင်းဝိုင်းတွင် ထယ်ယောင်းတို့မိသားစု ထမင်းအတူစားနေကြသည်။မိသားစု ငါးယောက်ထမင်းအတူ မစားဖြစ်တာ သူ့ကိုကြီး ဆိုးလ်မှာလာနေထဲက။အခု ထယ်ယောင်း အထက်တန်းပထမဆုံး စတက်တဲ့ရက်မို့ သူ့အဖေ၊အမေက ထယ်ယောင်း ကျောင်းသစ်မှာ တက်ရတာ အဆင်ပြေမပြေလာကြည့်ကြခြင်း။ညီမလေးလည်း အဖေ၊အမေ မြို့တက်လာတော့ သူလည်း ပါလာသည်။ကင်မ်မေမေက ထမင်းစားနေရင်းမှ ထယ်ယောင်းကို မေးလာသည်။
"သားလေး ကျောင်းတက်ရတာ အဆင်ပြေလား"
"ပြေပါတယ်"
"သူငယ်ချင်း တွေဘာတွေရော ရခဲ့လား"
"အင်း ရခဲ့တယ်"
ကင်မ်ဖေဖေလည်း ဝင်ပြောလာသည်။
"သား လိုတာရှိရင် ဖေဖေတို့ကို လှမ်းပြောလိုက်ပေါ့ ဖေဖေတို့လည်း နောက်ရက်ကြ ပြန်ရမယ် သားညီမလေးလည်း စာတွေအများကြီး နောက်ကျလို့မဖြစ်ဘူးလေး နေကောင်းအောင်လည်းနေ"
"ဟုတ်"
"ဖေဖေ ဟွန်းလည်း အထက်တန်းကျရင် ကိုကိုတို့နဲ့အတူလာနေမယ်"
"ဟုတ်ပါပြီး...သားကြီးရော အဆင်ပြေတယ်မလား"
"ပြေပါတယ်...ဖေဖေစိတ်မပူပါနဲ့ ထယ်ယောင်းကိုလည်းစိတ်ချပါ"
"အေအေ"
"ကဲ့ စားစား ပြီးရင် အပေါ်တက် စာလုပ်တော့နော်"
"ဟုတ်...စားလို့ပြီးပြီး အပေါ်တက်တော့မယ်"
"အေအေ"
ထယ်ယောင်းလည်း အပေါ်တက်လာကာအခန်းထဲဝင် စာလုပ်နေလိုက်သည်။စာလုပ်ပြီးတော့ ကိုယ်လက်သန့်စင် သွားတိုက်ပြီး အိပ်ရာဝင်ခဲ့တော့သည် ။
ကျောင်းအသစ်မှာ တက်ရတာအဆင်ပြေပေမဲ့ သူငယ်ချင်းမရှိတော့ ပျင်းဖို့ကောင်းပါသည်။ဒါမဲ့ သူနဲ့ အတူထိုင်တဲ့ ကောင်လေးက ဖော်ဖော်ရွေရွေနဲ့ မို့ တော်သေးသည်။
ထယ်ယောင်းက သူ့မိသားစု သူသိတဲ့သူတွေနဲ့သာ ရင်းရင်းနှီးနှီးနေလေ့ရှိတာကြောင့် သူငယ်ချင်းဆိုလည်းများများစားစားမရှိ။ မသိတဲ့သူတွေနဲ့ဆို ရုပ်တည်နှင့် မေးထူးခေါ်ပြောလောက်သာလုပ်သည်။ မသိရင် တလောကလုံး ထမင်းတင်ကျွေးထားရတဲ့ရုပ်နဲ့ မာနကြီးသလိုလို ချေချေသလိုနဲ့။ သူစိမ်းတွေရှေ့မှာဆို သူ့ခံစားချက်ကို မပေါ်ပြတတ်။ အနေအေးပြီး တည်ငြိမ်သလိုပုံစံရှိသည်။အရှက်အကြောက်လည်းကြီးသည်။
ČTEŠ
First Love》JkV》{Complete}
RomanceUnicode + Zawgyi J 💜 V #taekookfic #kookvfic #Myanmar funny , romance ♡start date 23.10.22 ♡end date 13.12.23 🍜 ဤ fic သည် စာရေးသူ၏ စိတ်ကူးယဉ်အတွေးများကို ဖန်တီးပုံဖော်ထားခြင်းသာဖြစ်သည်။ပထမဆုံးရေးဖူးတဲ့ fiction ပါ။ဝင်ဖတ်မယ်ဆိုရင်တော့ အမှားတွေအမျ...