🌼4🌼(U+Z)✔️

1K 25 1
                                    

(Unicode)
.
.
.
.
.

အိမ်ပြန်ရောက်တော့ အခန်းထဲဝင်သွားကာ စာပွဲပေါ်လွယ်အိတ်တင်ပြီး လူကတော့ ကုတင်ပေါ်ပစ်လှဲလိုက်သည်။

တနေ့လုံး ထိုင်နေရတာ တင်ပါးတွေလည်း ညောင်းလှပြီး။ အရေးထဲ ဖင်ထိုင်ရက်ကလှဲသေးတယ်။

"တကယ်ပါပဲ လမ်းသွားတာကြည့်မသွားကြဘူး"

ကုတင်ပေါ်မှောက်ရက်လေးလှဲကာ ပွစိပွစိပြောနေတဲ့ ကင်မ်ထယ်ယောင်းလေး။လူက ကုတင်ပေါ်လှဲလိုက်တာနဲ့ အိပ်ချင်လာရော။ဒါနဲ့ ခနလေးမျက်လုံးလေးမှိတ်ပြီး မှေးနေတုန်း တင်ပါးလုံးလေးကို ရုတ်တရက် အရိုက်ခံလိုက်ရလေသည်။

ဖြန်းးး

"မေမေ့သားလေးက ‌ပြန်ရောက်တာကြာပြီးကို ရေမချိုးပဲဘာလုပ်နေတာလဲ ထထ"

ကင်မ်မေမေက သားဖြစ်သူ အခန်းထဲဝင်လာတော့ တင်လုံးလေးက ရေမချိုးပဲ ကုတင်ပေါ်မှောက်ရက်အိပ်နေတာမြင်တော့ ကုတင်ပေါ် ဘေးတစောင်းဝင်ထိုင်လိုက်ပြီး သားရဲ့တင်လုံးလုံးလေးကို ရိုက်ကာခေါ်နိုးလိုက်၏။
ထယ်ယောင်းမှာတော့ ညောင်းနေတဲ့ တင်ပါးလေးအရိုက်ခံလိုက်တာကြောင့် မှောက်ရက်လေးအတိုင်း နှုတ်ခမ်းဆူကာ ပြန်ပြောလာသည်။

"ဘာလို့ ရိုက်တာလဲလို့ တနေ့လုံးထိုင်နေရတာ ညောင်းပါတယ်ဆိုမှ"

"ဟုတ်လား မေမေ မသိလို့ပါကွယ်...ကဲ့ ထထ ရေသွားချိုး ပြီးရင် ညစာစားကြမယ်"

ထယ်ယောင်းလည်း ထထိုင်ပြီး သူ့အမေအနားကပ်ကာ ဖက်လိုက်ပြီး ကပ်ချွဲနေပြန်တယ်။

"ရေမချိုးခြင်ဘူး အေးတယ်"

"ချိုးလိုက်ပါသားရယ် မဟုတ်ရင် နုံးနေမှာပေါ့"

"နုံးဘူး"

"ကဲ့ ဒီကောင်လေး သွားချိုးတော့ မေမေ ညစာပြင်ပြီးစောင့်နေမယ် ပြီးတော့ သားကြိုက်တဲ့စတော်ဘယ်ရီသီးလေးတွေ ဝယ်ထားပေးသေးတယ်"

"တကယ်လား ဒါဆို ခနစောင့် မြန်မြန်ချိုးပြီးဆင်းလာခဲ့မယ် မွ"

ထယ်ယောင်း သူ့အမေပါးကို တချက်နမ်းကာ ရေချိုးခန်းထဲပြေးဝင်သွားတော့သည်။
ကင်မ်မေမေလည်း သူ့သားလေးကို ကြည့်ကာ ပြုံးနေမိသည်။သားလေး ဒီအရွယ်ရောက်နေတာတောင် သူ့မျက်လုံးထဲမှာ အမြဲကလေးလေးလိုပဲ မြင်နေမိသည်။
ထယ်ယောင်းလည်း ရေမြန်မြန်ချိုး အဝတ်အစားလဲပြီး အောက်ထပ်ဆင်းကာ သားအမိသုံးယောက် ညစာအတူစားဖြစ်သည်။
ညီမလေးနဲ့ ဖေဖေကတော့ မနေ့ကထဲကပြန်သွားပြီး။သူ့မေမေကတော့ တရက်နှစ်ရက်လောက်နေဦးမယ်ဆိုပြီး ကျန်နေခဲ့ခြင်း။ထယ်ယောင်းလည်း စားသောက်ပြီးတော့ အပေါ်တက်ကာ သူ့အခန်းထဲပြန်ဝင်လာခဲ့သည်။
စာလုပ်မယ်ဆိုပြီး လွယ်အိတ်ထဲက စာအုပ်တွေကိုဆွဲထုတ်ကာ စာလုပ်စရာရှိတာလုပ်ပြီး အိပ်ရာဝင်ခဲ့တော့သည်။သူ့လွယ်အိတ်ရဲ့ ဘေးအိတ်လေးထဲက စာရွက်လေးတရွက်ကိုတော့ သူသတိမထားမိလိုက်ပါ။
အိမ်မက်ကမ္ဘာထဲရောက်သွားသူမှာတော့ ပုံရိပ်လေးတခုကို အိမ်မက်လှလှလေးအဖြစ် မြင်မက်နေတော့သည်။

First Love》JkV》{Complete}Where stories live. Discover now