"မောနင်း သူငယ်ချင်းလေး မောနင်းပါ အစ်ကိုဆော့ဂျင်"
တယောက်ထဲဆိုင်မဖွင့်ခင် ပြင်ဆင်နေတုန်း တံခါးဖွင့်ကာ ဝင်လာသည့် ဂျီမင်က သူတို့ညီကိုနှစ်ယောက်ကို နှုတ်ဆက်လာသည်။သူလည်း ပြန်နှုတ်ဆက်လိုက်တယ်...။
"မောနင်း ရောက်လာပြီးလား"
"အို မောနင်းပါ ဂျီမင်လေးလာတာနဲ့ အတော်ပဲ ဒီနေ့ အစ်ကိုကို ကူးပြီး ရောင်းပေးဦး"
ဆော့ဂျင်မှာ ဂျီမင်ကို မြင်သည်နှင့် စျေးကူရောင်းဖို့ပြောတော့သည်။သူဌေးသားလေး ဂျီမင်မှာ သူငယ်ချင်းဖြစ်သူ ထယ်ယောင်းဆီလာလည်တိုင်း စျေးရောင်းရလေ၏။တခါတလေ မှာထားသည့်များကိုလည်း လိုက်ပို့ပေးရသေးသည်။ဂျီမင်လည်း ခုံတခုံမှာဝင်ထိုင်ရင်း ရယ်ကျဲကျဲလေးနဲ့ ပြန်ပြောလာ၏။
"အစ်ကိုလည်းနော် ကျနော့်ကိုမြင်တာနဲ့ ခိုင်းဖို့ပဲ မနက်စားလေး ဘာလေးကျဝယ်မကျွေးဘူး"
"ကျွေးမှာပေါ့ အခု မနက်စာ မှာစားကြမယ်"
သုံးယောက်သား မနက်စာမှာကာ စားနေကြရင်း ဂျီမင်က ထယ်ယောင်းအားပြောလာခဲ့သည်။
"ငါမင်းကို ပြောစရာရှိတယ်"
ထယ်ယောင်းလည်း စားသောက်နေရာမှ ခေါင်းညိတ်ပြလိုက်၏။ထိုအခါ ဂျီမင်က ထယ်ယောင်း နား,နားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
'ဂျောင်ဂုက အမေရိကကိုထွက်သွားတော့မှာတဲ့'
ဂျီမင်ရဲ့စကားကြောင့် ထယ်ယောင်း စားလက်စကို ရပ်လိုက်ပြီး ဂျီမင်ကိုလှည့်ကြည့်ကာ တိုးတိုးလေး ပြန်မေးလာတယ်။
'သူက... ဘာလို့ ငါ့ကိုကျ ဘာမှမပြောတာလဲ'
'ဒါတော့ ငါလည်းမသိဘူး ယွန်ဂီက ငါ့ကိုပြောပြလို့ ငါက မင်းကိုလာပြောပြတာ မင်းသူကိုဖုန်းမဆက်ကြည့်ဘူးလား'
'ဒီရက်ပိုင်း ငါသူ့ကိုဆက်သွယ်ကြည့်သေး ငါ့ဖုန်းကို သူမကိုင်ဘူး'
ဂျီမင်လည်း စားနေရင်မှ တခုခုသတိရသွားကာ ထယ်ယောင်းကိုကပ်ပြောလာပြန်သည်။
YOU ARE READING
First Love》JkV》{Complete}
RomanceUnicode + Zawgyi J 💜 V #taekookfic #kookvfic #Myanmar funny , romance ♡start date 23.10.22 ♡end date 13.12.23 🍜 ဤ fic သည် စာရေးသူ၏ စိတ်ကူးယဉ်အတွေးများကို ဖန်တီးပုံဖော်ထားခြင်းသာဖြစ်သည်။ပထမဆုံးရေးဖူးတဲ့ fiction ပါ။ဝင်ဖတ်မယ်ဆိုရင်တော့ အမှားတွေအမျ...