🌼15🌼(U+Z)

448 16 1
                                    

(Unicode)

ဝှီးးး

ဘုတ်!

အာ့!

"ထိပြီးနောက်တယောက်"

ဝေးးး

အားကစားချိန်မို့ ကျောင်းသား ကျောင်းသူများ ဘောလုံးပစ်တမ်း ကစားနေကြခြင်း။

ကာယဆရာက အခန်း (1-1) နဲ့ အခန်း (1-3) ပြိုင်ကာ ကစားခိုင်းခြင်း။အခန်း (1) မှာ ဂျောင်ဂုတို့ အခန်းဖြစ်ပြီး အပြာရောင် တီရှပ်ကို ဆင်တူဝတ်ထားကြပြီး အခန်း(3)မှာ ထယ်ယောင်းတို့အခန်းဖြစ်ပြီး အနီရောင် တီရှပ်ကို ဆင်တူ ဝတ်ဆင်ထားကြသည်။
ကွင်းထဲ၌ အပြာရောင် တီရှပ်နဲ့ ကစားသမားတွေက အနီရောင်တီရှပ်နဲ့ ကစားသမားတွေကို အချိန်မပြောင်းခင်လေးမှာ ထိအောင်ပစ်နေကြခြင်း။
အခု အပြာအသင်းက အနီအသင်းကို ထိအောင် ပစ်လိုက်ပြန်ပြီး။ထိုစဉ်ဆရာက ဝီစီကို ရွှီးးးကနဲ့ မြည်အောင် မှုတ်လိုက်ပြီး အလှည့်ပြောင်းရန် ကျောင်းသားတွေကို အသိပေးလိုက်သည်။

"အလှည့်ပြောင်းမယ်"

အနီအသင်း ပြန်လိုက်ရမဲ့အလှည့်ပင်။

အပြာသင်းက အလယ်မှာ ဝင်ရပ်လိုက်ရင် ကိုယ်နေဟန်ထားအသင့်ပြင်ထားကြသည်။အနီသင်းကလည်း ဘောလုံးကိုင်ကာ ဘယ်သူ့ကို ပစ်ရမည်ကို သေချာရွေးနေသည်။ထို့နောက် အနီသင်းမှ တယောက်က အော်ပြောလာသည်။

"ဂျောင်ဟိုဆော့"

ဂျောင်ဂုနောက်ဝယ် ဘောလုံးထိမှာစိုး၍ ကွယ်ရပ်နေပါသော ဟိုဆော့မှာ သူနာမည်ခေါ်လိုက်တာကြောင့် ပြာပြာသလဲ ထအော်တော့သည်။

"ရားး ရားး ဘာလို့ငါလဲ ‌တခြားသူကိုပစ်လေး!"

ကိုယ့်ကိုပစ်မည်ဆိုတာကြောင့် ဟိုရှောင်ရမလိုဒီရှောင်ရမလိုနဲ့ စိတ်က ဂနာမငြိမ်တော့။

"ပစ်!"

အော်သံဆုံးတာ နဲ့ လေပေါ်ပျံလာသည့်ဘောလုံး။ဟိုဆော့က ရှောင်လိုက်ပေမဲ့ ဘောလုံးက သူ့အားထိမှန်သွားတော့သည်။ဂျောင်ဂုအပါအဝင် တခြားသူတွေက ဟိုဆော့ကို ဝိုင်ရီကြတော့သည်။

"ဟားးး"

"ဂျောင်ဟိုဆော့ ထိသွားပြီး"

လှဲကျသွားတဲ့ ဟိုဆော့မှာ မျက်နှာ မအီမသာနဲ့ပြန်ထလာပြီး မချိပြုံးလေး ပြုံးကာ ဘောလုံးထိသွားတဲ့ တင်ပါးအား ပွတ်နေရင်း ဘေးကို ထွက်ရပ်နေလိုက်သည်။

First Love》JkV》{Complete}Where stories live. Discover now